Chapter(84):ငွေချေးခြင်း-2 ငွေချေးခြင်း-2

3.9K 566 11
                                    

Zawgyi




တစ်ညတာ ကောင်းကောင်းအနားယူပြီးနောက် ရှုရန်တစ်ယောက် နောက်တစ်နေ့ မနက်ခင်းစောစောတွင် ရွာလူကြီးနဲ့အတူ မြို့ပေါ်တက်တော့တယ်။ ရွာလူကြီးက သူနဲ့အတူရှိနေတာကြောင့်ရော၊ လယ်ကွက်ကလည်း တရားဝင်ဖြစ်တာကြောင့်ရော သူတို့တတွေ သက်ဆိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေကို လျင်လျင်မြန်မြန် ပြီးမြောက်သွားခဲ့ကြတယ်။ သို့သော်လည်း ရှုရန်ကတော့ ငွေအမြောက်အမြားကို ချွေတာစုဆောင်းဖို့အတွက် ကျဆုံးနေဆဲပါပဲ။ သူမြေတစ်မြူအတွက် ငွေတုံးလေးတုံး ဈေးနှုန်းဖြင့် ပေးချေခဲ့ရတယ်။ သူက အိမ်ထိန်းတစ်ယောက်ရဲ့ လစာလောက်တောင် ဝင်ငွေမရှိဘူးဆိုတာကို တွေ့လိုက်ရတာကြောင့် သူ့နှုတ်ခမ်းကိုသူ စောင်းရွဲ့လိုက်မိပြီးတော့ ငွေတွေကို ပေးချေလိုက်ရတယ်။

မြို့ထဲမှာ ထမင်းကောင်းကောင်းတစ်နပ်စားဖို့ ရွာလူကြီးကို ဖိတ်ခေါ်ပြီးတဲ့နောက်မှာ ရှုရန်တစ်ယောက် ကျိုးယွင်ကိုတွေ့ဖို့အတွက် အစေ့ရောင်းဆိုင်ကို သွားလိုက်တယ်။

ကျိုးယွင်က ဆိုင်မှာမရှိပါဘူး။ ဆိုင်ရှင်က ကျိုးယွင်တစ်ယောက် အိမ်မှာ ရှိနေပြီးတော့ သူဆိုင်ကိုမရောက်လာတာ ရက်ပေါင်းများစွာ ကြာနေပြီလို့ ရှုရန်ကိုပြောတယ်။

ရှုရန် ဒီကိစ္စကို နားလည်ပါတယ်။ တကယ်လို့ သူ့ရဲ့ထုံထုံက ကိုယ်ဝန်ဆောင်ထားရမယ်ဆိုရင် သူလည်း နေ့တိုင်း သူ့ကို အဖော်ပြုပေးနေမှာပဲဖြစ်တယ်။

ဆိုင်ရှင်ကို နှုတ်ဆက်စကား ပြောလိုက်ပြီးတဲ့နောက်မှာ ရှုရန်တစ်ယောက် ကျိုးအိမ်တော်ဆီကို သူ့ဘာသာသူ သွားလိုက်တယ်။ ရှုရန်က အဲ့နေရာကို အရင်တစ်ခါတုန်းက ရောက်ခဲ့ဖူးတာမို့လို့ အစေခံတွေက သူ့ကိုသတိပြုမိသွားကြတယ်။ ထို့ကြောင့် သူကျိုးယွင်ကို လူကိုယ်တိုင်ကိုယ်ကျတွေ့ဖို့ အချိန်သိပ်မယူလိုက်ရပါဘူး။

ဧည့်ခန်းထဲတွင် ကျိုးယွင်က ချင်ရှုဝမ်းကို အစားစားဖို့ ချော့မော့နေပေမဲ့ ချင်ရှုဝမ်းကတော့ အရမ်းစိတ်ဆတ်နေပုံရတယ်။ သူကျိုးယွင်ကို မျက်နှာသာမပေးပါဘူး။ ရှုရန်ကလည်း သူရောက်ရှိလာမှုကို အစေခံတွေကို အသိမပေးခိုင်းခဲ့ပါဘူး။ သူတံခါးဝမှာ ဒီအတိုင်းရပ်နေရင်း သူတို့တွေကို ကြည့်နေမိတယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now