Chapter(58):အိမ်သို့ ပြန်လာခြင်း-1

4.5K 936 9
                                    

Zawgyi

"ရန် မင်းအဆင်ပြေရဲ့လား?" ခြင်းတောင်းနဲ့အတူ ရုတ်တရက်လဲကျသွားတဲ့ ရှုရန်ကိုမြင်တော့ လျိုထုံကလက်တွန်းလှည်းကို ကြောက်လန့်တကြား လွှတ်လိုက်မိတယ်။ ဒါပေမဲ့လျိုထုံတစ်ယောက် သူ့ခင်ပွန်းကိုတောင် မထိလိုက်နိုင်ခင်မှာပဲ သူကမြေကြီးပေါ်ကို လဲကျသွားပြီဖြစ်တယ်။

လျိုထုံက ဘာဖြစ်နေသလဲဆိုတာကို စစ်ဆေးကြည့်ဖို့ အလျင်အမြန် ပြေးလာလိုက်တယ်။ "ရန် ရန် ဘာဖြစ်လို့လဲ? အဆင်ပြေရဲ့လား?"

လျိုထုံကသူ့ခေါင်းကို ပင့်မပေးလိုက်ပြီးတော့ သူ့ကိုသူ့လက်မောင်းတွေကြားထဲမှာ ထွေးပွေ့ထားလိုက်တယ်။ "ရန် ကျေးဇူးပြုပြီး ငါ့ကိုမခြောက်ပါနဲ့။ ငါ့ကိုစကားပြောပါအုံး။ ကျေးဇူးပြုပြီး"

လျိုထုံရဲ့လက်မောင်းကြားထဲမှာ လှဲလျောင်းနေရင်း ရှုရန်တစ်ယောက် အသက်ရှူဖို့အတွက် ပင့်သက်ရှိုက်လိုက်မိတယ်။ လျိုထုံရဲ့မျက်နှာပေါ်မှာ စိုးရိမ်ပူပန်မှုတွေကို ရေးသားထားတာကို သူမြင်လိုက်ရတဲ့အခိုက်မှာ သူ့ကိုနှစ်သိမ့်ပေးဖို့အတွက် တစ်စုံတစ်ခုကို ပြောထုတ်လိုက်ချင်တယ်။ သူ့ပါးစပ်ကိုဖွင့်လိုက်ပြီးတော့ စကားပြောထုတ်ဖို့ ကြိုးစားလိုက်ပေမဲ့ အသံတစ်သံကို​တောင် မလုပ်နိုင်တော့ပါဘူး။ သူ့လက်ချောင်းတွေကိုတောင် သူမလှုပ်ရှားနိုင်တော့ဘူး။

စိုးရိမ်နေတာက အကူအညီမဖြစ်ဘူးဆိုတာကို သိလိုက်တာမို့ လျိုထုံတစ်​ယောက် ရေကို အလျင်အမြန်သွားယူလာခဲ့တော့တယ်။ သူတို့တောင်ပေါ်ကို ရောက်လာကတည်းကဆိုရင် ရက်အချို့လောက်ရှိနေပြီဖြစ်တယ်။ ဒီရက်တွေမှာ သူတို့သစ်တော်သီးတွေကို မကြာခဏစားနေတာမို့ သူတို့ ရေအများကြီးမသောက်ဖြစ်ကြဘူး။

လျိုထုံရှုရန်ကို သူ့နှုတ်ခမ်းတွေစိုစွတ်သွားစေဖို့ ရေအချို့တိုက်လိုက်ပြီးနောက် ကြည့်ရတာ သက်သာလာပုံရလာတဲ့အချိန်မှာ သူ့ကိုထပ်တိုက်လိုက်တယ်။

သူရေသောက်ပြီးတဲ့နောက်မှာ စကားကိုပြောနိုင်တယ်ဆိုရုံလေး ပြောနိုင်သွားပြီဖြစ်တယ်။ အချိန်ခဏလောက်ကြာပြီးတဲ့နောက်မှာ သူသူ့လက်တွေကို မြှောက်တင်နိုင်သွားပြီဖြစ်တယ်။ သူရုတ်တရက် လျိုထုံရဲ့မျက်နှာကိုထိဖို့အတွက် သူသူ့လက်တစ်ဖက်ကို မြှောက်လိုက်တယ်။ "ထုံထုံ မစိုးရိမ် . . . ပါနဲ့။ ကိုယ် . . . ကိုယ်ပင်ပန်းသွားသလို ခံစားလိုက်ရရုံပါ . . ."

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now