Chapter(85):သူတို့လေးတွေရဲ့ မြင့်မားတဲ့ညဏ်ရည်-1

2.8K 488 12
                                    

Zawgyi





ရှုရန်တစ်ယောက် အိမ်ပြန်ရောက်ပြီးချိန်တွင် ငွေစက္ကူရွက်ကို လျိုထုံဆီ ပေးလိုက်ပြီးတော့ သူအိမ်အသစ်တစ်လုံးကို ဆောက်တော့မည် ဖြစ်ကြောင်း သူ့ကိုပြောလိုက်တယ်။ လျိုထုံတစ်ယောက် ငွေချေးယူတာနဲ့ပတ်သက်ပြီး အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားမိတယ်။ "ရန် မင်းငွေတွေအများကြီး ချေးလာခဲ့တာပဲ။ ငါတို့တွေ ဘယ်အချိန်ကျမှ ဒီ​ငွေတွေကို ပြန်ဆပ်နိုင်မှာလဲ? အခုပဲ ငွေတွေကို ဘာလို့ပြန်မပေးလိုက်ကြမှာလဲ? ငါတို့ရဲ့အခုလက်ရှိအိမ်မှာ ငါတို့နေလို့ရသေးတယ်ဆိုတာကို မင်းလည်းမြင်တာပဲလေ။"

ရှုရန်က သူ့ခေါင်းကို ခါလိုက်ပြီးတော့ အမိအရ တိုက်တွန်းပြောဆိုလိုက်သည်။ "မဟုတ်ဘူး။ ကိုယ်တို့ရဲ့အိမ်ထဲမှာ နေနေတာတောင်မှ အေးစက်နေသေးတုန်းပဲလေ။ ကိုယ်တို့ကလေးတွေ ဒါကို တောင့်ခံနိုင်ကြမှာ မဟုတ်ဘူး။ အိမ်က နွေရာသီမှာဆိုရင် အဆင်ပြေပေမဲ့လည်း ဆောင်းရာသီမှာဆိုရင်တော့ သေချာပေါက်ကို အရမ်းဆိုးရွားလွန်းတယ်။ မင်းမြင်တဲ့အတိုင်းပဲလေ။ ကိုယ်လက်တွေမှာ နှင်းကိုက်နာတွေနဲ့ အခုထိ ကြမ်းတမ်းနေသေးတုန်းပဲ။" ထို့နောက် ရှုရန်က လျိုထုံကို ပြသဖို့အတွက် သူ့လက်တွေကို ဆန့်ထုတ်ပြလိုက်တယ်။

ဆောင်းရာသီတွင် အပူပေးစက် ဒါမှမဟုတ် သိုးမွေးအနွေးထည်မရှိရင် အရမ်းအေးစက်လွန်းတယ်။ ရှုရန်တစ်ယောက် ပထမနှင်းကျပြီး သိပ်မကြာခင်မှာပဲ သူ့ရဲ့လက်ပေါ်မှာ နှင်းကိုက်နာတွေ ရှိလာခဲ့တာဖြစ်တယ်။ နောက်ကျတော့ သူ့လက်တွေမှာ နှင်းကိုက်နာတွေ ပိုပြီးပိုပြီး များလာခဲ့ပြီးတော့ ကြမ်းတမ်းလာခဲ့ပြီး လက်နှစ်ဖက်စလုံးက မုန်လာဥနီလိုမျိုး နီရဲယောင်ကိုင်းလာခဲ့တယ်။ ပထမလ ကုန်ဆုံးသွားပြီးတဲ့အခါကျမှပဲ သူ့လက်ပေါ်က နှင်းကိုက်နာတွေက စတင်ပြီး တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့တာ ဖြစ်တယ်။

လျိုထုံက ရှုရန်ရဲ့လက်တွေကို တစ်ချက် စစ်ဆေးကြည့်လိုက်တယ်။ လက်ပေါ်က နှင်းကိုက်နာတွေက အပြည့်အဝ ပြန်လည်မကောင်းမွန်လာသေးဘူးဆိုတာကို သူတွေ့လိုက်ရတယ်။ သူသူ့အတွက် သနားစိတ်ဝင်သွားမိတယ်။ ရှုရန်က သူ့လက်တွေကိုသူ့ကို ရံဖန်ရံခါမှသာ ပြသတတ်တယ်။ သူအိပ်တဲ့အချိန်မှာ ဆိုရင်တောင်မှ သူ့လက်တွေကို ကောင်းကောင်း ဖွက်ထားတတ်တယ်။ ထို့ကြောင့် ရှုရန်ရဲ့လက်တွေ ဘာဖြစ်နေသလဲဆိုတာကို လျိုထုံတစ်ယောက် အတိအကျမသိပါဘူး။ သူ့ကို အလုပ်လုပ်ခွင့်မပြုဖို့ ကြိုးစားရုံသာ သူတတ်နိုင်တော့တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now