Zawgyi
လျိုထုံက နွားလှည်းထားထားတဲ့နေရာဆီကို ရောက်လာခဲ့တယ်။ သူအခုလေးတင် ဘာလုပ်ခဲ့သလဲဆိုတာကို သူနားမလည်လိုက်ခင်မှာ သူအချိန်ခဏလောက် စိတ်အေးအေးထားလိုက်ရတယ်။ သူရန်ဆီကနေ သာမန်ကာလျှံကာဟာသလေးတစ်ခုကို ကြားလိုက်ရတာကြောင့် သူအဝေးကို ထွက်ပြေးလာခဲ့မိတာဖြစ်တယ်။ ကျန်းယွဲ့ပြောခဲ့တာတွေက သူ့အပေါ် အကျိုးသက်ရောက်မှုရှိသော်ငြားလည်းပဲ သူအရမ်း ပြင်းပြင်းထန်ထန်မတုံ့ပြန်သင့်ဘူးလေ။ ရန်တစ်ယောက် ဒါနဲ့ပတ်သက်ပြီး စိတ်များဆိုးသွားပြီလားဆိုတာကို သူသိချင်မိတယ်။ လျိုထုံတစ်ယောက် နောက်တစ်ကြိမ်စိုးရိမ်လာပြန်တယ်။
ရှုရန်တစ်ယောက် ကလေးနှစ်ယောက်နဲ့ ရောက်လာတဲ့အချိန်မှာ လျိုထုံကသူတို့တွေကို ကျောပေးပြီး ရပ်နေတယ်။ သူတစ်စုံတစ်ခုကို တွေးနေသလိုမျိုး သူ့ခေါင်းက တစ်ဖက်ကိုစောင်းနေတယ်။ ရှုရန်က ကလေးနှစ်ယောက်ရဲ့လက်တွေကို လွှတ်ပေးလိုက်ပြီးတော့ လျိုထုံဆီလျှောက်သွားလိုက်ပြီး သူ့ရဲ့နောက်ကျောကနေ သူ့ကိုသိုင်းဖက်လိုက်တယ်။ "ထုံထုံ စိတ်မဆိုးပါနဲ့။"
လျိုထုံတစ်ယောက် အံ့အားသင့်သွားပြီးတော့ ချက်ချင်း သူ့လက်မောင်းတွေကြားကနေ ရုန်းထွက်လိုက်တယ်။ ထို့နောက် သူဘေးပတ်လည်ကို ကြည့်လိုက်တော့ တခြားလူတွေက အလုပ်ရှုပ်နေပြီး သူတို့တွေကို ကြည့်မနေတာကို တွေ့လိုက်ရတယ်။ သူစိတ်သက်သာရာရသွားမိတယ်။ "ရန် ဒါက လူမြင်ကွင်းကြီးမှာနော်။ နောက်ကျရင် အဲ့လိုမျိုးမလုပ်ပါနဲ့။"
"ကောင်းပါပြီ။ ကောင်းပါပြီ။" ရှုရန်က အဲ့ဒါက ဒီခေတ်မှာဆိုရင် အမှန်တကယ်ကို တကယ့်အပြုအမူတစ်ခုပဲလို့ တွေးလိုက်မိရင်း လက်ခံလိုက်တယ်။
"ဒါပေမဲ့ မင်းထပ်ပြီး စိတ်မဆိုးရဘူးနော်။ ကိုယ်ကမင်းကို နောက်လိုက်ရုံပါ။ အဲ့ဒါကို အလေးအနက်ကြီး စိတ်ထဲမထားပါနဲ့။ တကယ်လို့ မင်းကိုယ့်ကို ချန်ထားခဲ့မယ်ဆိုရင်တောင်မှ ကိုယ် ကိုယ်လုပ်တော်မထားပါဘူး။" ရှုရန်က အလေးအနက်ထားပြောလိုက်တယ်။
"ဟုတ်ပါပြီ။ ငါသိပြီ။ နောက်ကျရင် ငါလည်း ဒီလိုမလုပ်တော့ပါဘူး။" လျိုထုံက ရှက်ရွံ့မှုအချို့နဲ့ ပြောလိုက်တယ်။
YOU ARE READING
Transmigration : TFLOA "Fool" (BL) [Myanmar Translation]
RomanceIt's just an offline translation. I only translate for fun. Please support original author and english translator. Title : Transmigration : The Farm Life Of A "Fool" Author : Zi Xi Status : 295 chapters (completed)+ 25extra Start date - 1.6.2021 E...