Chapter(86):အိမ်အသစ်တစ်လုံးကို ဆောက်ခြင်း-2

3.2K 466 21
                                    

Zawgyi


သူတို့သုံးယောက်သား အိမ်ပြန်လမ်းတစ်လျှောက် စကားစမြည်ပြောလာကြရင်း မကြာခင်မှာပဲ ရှုရွာကို ရောက်လာခဲ့ကြတယ်။

ရှုရန်က အုတ်ခဲ လေးထောင့် နှစ်ထပ်နေအိမ်တစ်လုံးကို ဆောက်လုပ်ချင်နေကြောင်း ဆောက်လုပ်ရေး အလုပ်သမားခေါင်းဆောင်လီကို ပြောပြလိုက်တယ်။ အဲ့အတွက် အလုပ်သမားခေါင်းဆောင်လီက ဆောက်လုပ်ရေးအတွက် စုစုပေါင်းကုန်ကျငွေက အနည်းဆုံး ငွေအတုံးလေးရာ ကုန်ကျလိမ့်မယ်လို့ ခန့်မှန်းခဲ့တယ်။ တကယ်လို့ သူတို့တွေ အိမ်အသစ်မှာ ပစ္စည်းတွေ ထပ်ထည့်ပြီးတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို တာဝန်ယူလုပ်ကိုင်နေတဲ့ အလုပ်သမားတွေရဲ့ လုပ်ဆောင်ချက်တွေကို ပိုမြန်မြန်ပြီးမြောက်အောင် လုပ်ချင်တယ်ဆိုရင် သူတို့တွေ နောက်ထပ်ငွေဆယ်တုံးကို ထပ်သုံးရလိမ့်မှာဖြစ်တယ်။

ငွေစာရင်းက ငွေအတုံးငါးရာအတွင်းမှာ ရှိနေတာမို့ ရှုရန်ကလည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး နောက်ထပ် ဘာမှထပ်ပြောမနေတော့ပါဘူး။

အခုလောလောဆယ်မှာ ရှုရန်ဒုက္ခရောက်နေတဲ့အရာတစ်ခုက ဆောက်လုပ်ရေးမှာ လိုအပ်နေတဲ့ အုတ်ခဲတွေကို သူဘယ်နေရာကနေ သွားရှာရမလဲဆိုတာကို သူမသိနေတာဖြစ်တယ်။ သူတို့တွေ ရွာထဲမှာ ဒီလိုအမျိုးအစားမျိုး ဘာတစ်ခုကိုမှ ရှာမတွေ့ခဲ့ပါဘူး။ သူနဲ့လျိုထုံတို့တတွေ အနီးနားဝန်းကျင်က ရွာအတော်များများမှာ လိုက်လံရှာဖွေခဲ့ကြပေမဲ့လည်း ဘာတစ်ခုကိုမှ မရခဲ့ကြပါဘူး။ သူတို့တွေ အုတ်ခဲတွေကို မြို့ထဲမှာသာ ရှာတွေ့ခဲ့ကြပေမဲ့ မြို့က အလှမ်းဝေးလွန်းနေတယ်။ အုတ်ခဲတွေအားလုံးကို ပြန်သယ်လာဖို့အတွက် သူတို့တွေ ဘယ်နှစ်ရက်လောက်တောင် အချိန်ယူရမှာလဲမသိဘူး?

ရှုရန်တစ်ယောက် သူ့ရဲ့စိုးရိမ်မှုတွေကို ပြောပြလိုက်တော့ ဆောက်လုပ်ရေး အလုပ်သမားခေါင်းဆောင်လီက ဒီကိစ္စကို အာမခံပေးလိုက်တယ်။ "ညီအစ်ကိုရှု ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်မနေပါနဲ့! ကျွန်တော်တို့တွေက မကြာခဏ မြို့ထဲမှာ အလုပ်လုပ်ကြရပြီးတော့ ပြဿနာမတက်ချင်ကြတဲ့ လူအချို့ကလည်း စီမံကိန်းတွေအားလုံးကို ကျွန်တော်တို့နဲ့ စာချုပ်ချုပ်ထားတတ်ကြတာ။ အုတ်ခဲတွေကို ဘယ်နေရာမှာ ရောင်းလဲဆိုတာကို ကျွန်တော်တို့တွေသိတယ်။ ကျွန်တော်တို့တွေ အုတ်ခဲတွေကို မြင်းဆွဲလှည်းတွေနဲ့ အုတ်ဖိုကလူတွေကို ပို့ခိုင်းလိုက်လို့ရတယ်။ ပြဿနာက သွားရမဲ့လမ်းခရီးက ရှည်လျားတာမို့ ပို့ခကိုတော့ တွက်ချက်မှရမယ်။"

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now