Chapter(14):သူငယ်ချင်းများ သူငယ်ချင်းများ

6.6K 1.2K 5
                                    

Zawgyi

လျိုထုံလက်ခံပြီးတဲ့အချိန်မှာ ဝုမိန်ကလျိုချင်ကို အိမ်အပြင်ခေါ်သွားတယ်။ သူတို့ကရွာထဲကိုသွားပြီး ဒီအခြေအနေနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းဖို့စီစဉ် ထားတယ်။ စကားမစပ် သူတို့တွေရှုရန်ရဲ့ ဒဏ်ရာ ကိုစစ်ဆေးပေးဖို့ သမားတော်တစ်ယောက်ကိုလည်း အိမ်ကိုပင့်ရအုံးမယ်။ သူ့ပါးစပ်ကသွေးထွက်နေ တော့ သူပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့သလားဆိုတာ ကို သူတို့နှစ်ယောက်စလုံး စိုးရိမ်နေတယ်။

သူတို့တွေတံခါးအပြင်ဘက်ကို ထွက်ရုံပဲ့ရှိသေး တယ်။ တစ်စုံတစ်ယောက်က သူတို့ဆီကို အလျင် အမြန်ပြေးလာတာကို မြင်လိုက်ရတယ်။

သူတို့တွေနီးလာတဲ့အချိန်မှာ အဲ့တာကဝုလန် ဝုမိန်ရဲ့ညီငယ်လေးဆိုတာ တွေ့လိုက်ရတယ်။ ဝုမိန်နှင့်တူတူပဲ့ သူလည်းဝုရွာကနေ ရှုရွာကို လက်ထပ်ဝင်​ရောက်ထားတဲ့သူတစ်​ယောက်ဖြစ် တယ်။ ဝုမိန်နှင့်သူ့ရဲ့ညီငယ်လေးက အမြဲတမ်း ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိကြတယ်။ သူတို့က အတူတူကြီးပြင်းလာခဲ့ကြပြီးတော့ နေရာတစ်ခုထဲကို ပဲ့အတူတူလက်ထပ်ခဲ့ကြတယ်။ အဲ့နေရာက သူတို့ အတူတူလျိုထုံနှင့် သူငယ်ချင်းဖြစ်တဲ့နေရာ လည်းဖြစ်တယ်။

"လန် ဘာလို့ဒီလောက်မြန်မြန် ပြေးလာရတာလဲ? တစ်ခုခုဖြစ်လို့လား?" ဝုမိန်ကဝုလန်ကို ရပ်ခိုင်းလိုက် ပြီးတော့ မေးလိုက်တယ်။

"ငါ...ငါ...ငါကြားခဲ့တာက လျိုထုံကသူ့အိမ်ကနေ မောင်းထုတ်ခံထိတယ်ဆို။ သူအဆင်ပြေရဲ့လား?" ဝုလန်ကအဲ့နေရာမှာပဲ့ ခါးထောက်ရပ်ပြီးတော့ အမောတကောနှင့်မေးလိုက်တယ်။

ဝုမိန်ကသူ့နောက်ကျောကို ပုတ်ပေးပြီးတော့ "မစိုးရိမ်ပါနဲ့။ လျိုထုံကငါ့အိမ်မှာ။ သူအဆင် ပြေတယ်။"

ခဏလောက်အနားယူပြီးတဲ့နောက်မှာ သူအနည်း ငယ်အသက်ရှူချောင်သွားသလို ဖြစ်သွားတယ်။ သူမေးလိုက်တယ်။ "အစ်ကို ဘာကိစ္စဖြစ်တာလဲ။ ဒီနေ့ကျွန်တော်က ရှုဇန်နှင့်မြို့တက်သွားတာ။ ဒါပေမယ့်  ကျွန်တော်တို့ပြန်လာတော့ လျိုထုံကသူ့အိမ်ကနေ နှင်ထုတ်ခံလိုက်ရတယ်လို့ သူတို့ပြောနေကြပြီ။ အမြန်ပဲ့ ကျွန်တော်ရှုဟိုခိုင် အိမ်ဘက်ကို ပြေးသွားသေးတယ်။ ဒါပေမယ့် ကျွန်တော်တစ်ယောက်မှမတွေ့ခဲ့ဘူး။ နောက်ကျ တော့ လျိုထုံက အစ်ကို့အိမ်မှာလို့ ကျွန်တော် ကြားလိုက်တယ်။"

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now