Chapter(51):ခွေးများ ဝယ်ယူခြင်း-2

5.3K 1K 21
                                    

Zawgyi

ရှောင်ပုတန်ရဲ့အဖိုးက ရှုရွာရဲ့အလယ်မှာရှိတဲ့ တောင်ခါးပန်းပေါ်မှာနေပါတယ်။ အဲ့မှာသူ့မိသားစုတစ်စုပဲနေထိုင်တာကြောင့် သူတို့တွေကခွေးတွေကို မွေးမြူထားကြတယ်။

သို့သော်လည်း သူတို့အဲ့ကိုရောက်တော့ တံခါးကပိတ်ထားတာကို သူတို့​တွေ့လိုက်ရတယ်။

ရှောင်ပုတန်ကတံခါးနားကိုသွားပြီး တံခါးကိုခေါက်ကြည့်ကြည့်တယ်။ "အဖိုး ဖိုးဖိုး တံခါးဖွင့်ပါအုံး။ သား ရှောင်ပုတန်ပါ။"

တျန်းတျန်းနဲ့ကော်ကော်တို့က သူတို့အနောက်ကနေ
ရပ်ကြည့်နေတဲ့အချိန်မှာ ရှောင်မီကလည်း သူ့အကိုကြီးလုပ်သလိုမျိုး တံခါးကိုလိုက်ခေါက်လိုက်တယ်။

နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်က တံခါးကိုလာဖွင့်ပေးတယ်။ အဲ့လူကတော့ ရှောင်ပုတန်၏ဖိုးဖိုးဖြစ်တယ်။

သူ့ကိုမြင်တော့ ရှောင်ပုတန်ကစတင်ပြီး တကျည်ကျည်လုပ်တော့တယ်။ "ဖိုးဖိုး ဖိုးဖိုးဘာဖြစ်လို့ တံခါးကိုပိတ်ထားတာလဲ? ကျွန်တော်က ဖိုးဖိုးတို့အထဲမှာမရှိဘူးလို့
ထင်သွားတာ။"

"ဖိုးဖိုးကဖျားနေတာမို့ အိပ်ပျော်နေတာ။ ရှောင်ပုတန် သားဘာလို့ ဒီကိုရောက်လာတာလဲ?"

သူ့ဖိုးဖိုးကဖျားနေတယ်လို့ ကြားလိုက်တော့ ရှောင်ပုတန်ကစိုးရိမ်သွားတယ်။ "ဖိုးဖိုး ဖိုးဖိုးဘယ်အချိန်တုန်းက စဖျားတာလဲ? အခုရော ဘယ်လိုနေသေးလဲဟင်?"

ဖိုးဖိုးကိုကြည့်ရတာ အားအင်အပြည့်လိုမျိုးပါပဲ။
ပြီးတော့သူ့မြေးလေးက သူ့ကိုစိုးရိမ်နေတာကြောင့်
သူပျော်ရွှင်သွားသလိုမျိုး ခံစားလိုက်ရတယ်။ သူသနားကြင်နာတတ်တဲ့အပြုံးလေးနဲ့  ပြန်ဖြေလိုက်တယ်။ "ကောင်းသွားပါပြီကွယ်။ ဖိုးဖိုးအခုကောင်းသွားပါပြီ။"

"ကောင်းတာပေါ့။ ဖိုးဖိုး တျန်းတျန်းနဲ့ကော်ကော်တို့က ဖိုးဖိုးရဲ့ခွေးသေးသေးလေးကို လိုချင်နေတာမို့ သားတို့လာခဲ့တာ။"

ထို့နောက်သူ သူ့နောက်မှာရှိတဲ့ ကလေးနှစ်ယောက်ကို ညွှန်ပြပြီးပြောလိုက်တယ်။ "ဖိုးဖိုး သူတို့က တျန်းတျန်းနဲ့ကော်ကော်လေ။"

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now