Chapter(28):ဈေးသို့သွားခြင်း ဈေးသို့သွားခြင်း

6K 1.1K 21
                                    

Zawgyi

နောက်တစ်နေ့မနက်ခင်းစောစောတွင် လျိုထုံအိပ်ရာထပြီးတော့ မနက်စာကောင်းကောင်း ပြင်ဆင်တော့တယ်။ ထို့နောက်သူ ရှုရန်နှင့်ကလေးတွေအတွက် စားစရာတွေကို မီးဖိုပေါ်ကအိုးထဲမှာ ချန်ထားခဲ့တယ်။ အဲ့ဒါမှ သူတို့နိုးလာတဲ့အချိန် စားနိုင်မှာဖြစ်တယ်။

လျိုထုံက မနေ့ကအမဲလိုက်ရာမှာ သားကောင်ကောင်းကောင်းရလာခဲ့တယ်။ စားစရာလုပ်လိုက်တဲ့ ရစ်ငှက်နှင့် အသက်ရှင်နေတဲ့ ယုန်နှစ်ကောင်ကလွဲပြီး ကျန်တာတွေကို ရောင်းဖို့စီစဉ်ထားတယ်။ အခုသူတို့တွေက ငွေလိုအပ်နေတယ်။ အသားနည်းနည်းပဲစားရတာက
သူတို့အတွက် အဆင်ပြေပါတယ်။ ကိစ္စတော့မရှိပါဘူး။ သူတို့တွေကအခု ရှုမိသားစုထဲမှာနေတဲ့အချိန်တုန်းကထက် ပိုကောင်းတဲ့ဘဝမှာ ပျော်ရွှင်နေရပြီပဲ။

ဒီဒရယ်ငယ်လေးက အသက်ရှင်နေတုန်းပဲ။ လျိုထုံက အဲ့ကောင်လေးကို တစ်ခြားသားကောင်တွေနှင့် သီးသန့်ခွဲထုတ်လိုက်တယ်။

ထို့နောက်လျိုထုံက သေနေတဲ့သားကောင်အိတ်တစ်အိတ်နှင့် အသက်ရှင်နေတဲ့ ဒရယ်ငယ်လေးတစ်ကောင်နှင့်အတူ စတင်ထွက်ခွာတော့တယ်။ သာ့လျန်မြို့မှာ ခြောက်ရက်နေ့တိုင်းက ဈေးနေ့ဖြစ်တယ်။ ဒီနေ့ကဈေးနေ့ဖြစ်တာကြောင့် ရှုအန်ကလည်း မြို့ပေါ်တက်မှာဖြစ်တယ်။ အဲ့ဒါကြောင့် လျိုထုံကလည်း သူ့နွားလှည်းနှင့်လမ်းကြုံလိုက်ဖို့ ကြံရွယ်နေတာဖြစ်တယ်။

သူဒါဟူနှင့်မနေ့ညက အချိန်းအချက်လုပ်ထားပြီးပြီ ဖြစ်တာကြောင့် လျိုထုံကရွာအဝင်ဝမှာ စောင့်နေဖို့ အဲ့ကိုတိုက်ရိုက်သွားလိုက်တယ်။

မကြာခင်မှာပဲ ရွာအဝင်ဝကို လူတွေအများကြီး ရောက်လာကြတယ်။ ပြီးတော့ သူတို့တွေအားလုံးက အုပ်စုကိုယ်စီနှင့်ဖြစ်တယ်။

လျိုထုံကအဲ့လူတွေနှင့် မလိုမုန်းထားဆန့်ကျင်စရာအကြောင်း မရှိပါဘူး။
အဲ့ဒါကြောင့်သူသူတို့တွေကို အပြုံးလေးနှင့်နှုတ်ဆက်လိုက်တယ်။

ရွာထဲမှာရှိတဲ့လူတွေက သူတို့အားတဲ့အချိန်ကျရင်
မိသားစုအတင်းအဖျင်းတွေအကြောင်း ပြောရတာကို ကြိုက်ကြတယ်။ ထို့ကြောင့် သူတို့အကုန်လုံး လျိုထုံမိသားစုနှင့်ပတ်သက်တဲ့ကိစ္စ​တွေအားလုံးကို သိကြတယ်။ အဲ့အတွက် တစ်ချို့တွေက ဂရုဏာသက်တဲ့အချိန်မှာ တစ်ချို့တွေကတော့ မနှစ်မြို့တဲ့အကြည့်တွေကို ပေးသွားကြတယ်။ အမှန်တကယ်မှာတော့ ဝုမိန်နှင့်တစ်ခြားမိသားစုနှစ်စုကသာ သူတို့ကိုကူညီပေးဖို့ လက်လှမ်းလာကြတာဖြစ်တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now