Chapter(81):စေတာ္ဘယ္ရီသီး-2 စတော်ဘယ်ရီသီး-2

3.9K 660 18
                                    

Zawgyi


ပထမဆုံးလူနာလရဲ့ တစ်ဆယ့်ငါးရက်မြောက်နေ့က မီးပုံးပွဲတော်နေ့ဖြစ်တယ်။ ကလေးနှစ်ယောက်ကို ဖြည့်ဆည်းပေးဖို့အတွက် ရှုရန်က သူတို့တွေကို မြို့ပေါ်ခေါ်သွားဖို့ စီစဉ်လိုက်တယ်။ ဒီခေတ်မှာ မီးပုံးပွဲတော်အတွင်းမှာဆိုရင် အများဆုံးအနေနဲ့ လူတွေက မီးပုံးအချို့ကို ချိတ်ဆွဲကြ၊ ဆန်းသစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အသေးစားကိရိယာအချို့ကို ရောင်းချကြရုံကလွဲပြီးတော့ ကျန်တာဘာတစ်ခုမှ ပျော်စရာမကောင်းပါဘူး။ အဆုံးသတ်မှာတော့ တျန်းတျန်းနဲ့ ကော်ကော်တို့တတွေက ငယ်ရွယ်ကြသေးတာမို့ အရာအားလုံးက ဆန်းသစ်နေသလိုမျိုး သူတို့တတွေ ခံစားလိုက်ကြရတယ်။

အဲ့နေ့တွင် ဝုမိန်နဲ့ တခြားမိသားစုတွေကလည်း မြို့ပေါ်တက်ဖို့ စီစဉ်ထားကြတယ်။ အဖွဲ့ဝင်တွေအားလုံး မြို့ထဲရောက်ဖို့အတွက် နွားလှည်းနဲ့ အသွားအပြန် နှစ်ခေါက်အချိန်ယူခဲ့ရတယ်။

ဒီလိုဆိုရင် အိမ်ပြန်ရောက်ဖို့အတွက် အရမ်းနောက်ကျနေလိမ့်မယ်ဆိုတာနဲ့ နွားလှည်းအတွက် နှစ်ခေါက်ပြေးလွှားနေရတာက အဆင်မပြေဘူးဆိုတာကို စဉ်းစားကြည့်လိုက်မိတယ်။ ရှုရန်က မြို့ပေါ်ရောက်ပြီးတဲ့နောက်မှာ သူနောက်ထပ် နွားလှည်းတစ်စီးကို ငှါးဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒါမှ လူအားလုံး တစ်ပြိုင်နက်တည်း ညအချိန်မှာ အိမ်ပြန်နိုင်ကြမှာဖြစ်တယ်။

နွားလှည်းတစ်စီးကို ငှါးရမ်းရတာက ဈေးမပေါပါဘူး။ အထူးသဖြင့် ညအချိန်မှာ အလုပ်လုပ်ဖို့ လိုအပ်လာတာမျိုးဆိုရင်ပေါ့။ ရှုရန်က ဒါအတွက် ကြေးဒင်္ဂါးအပြားငါးဆယ် ပေးချေလိုက်ရပေမဲ့ ဒါက တစ်နှစ်မှာတစ်ကြိမ်သာ ဖြစ်သည့်ကိစ္စဖြစ်တာကြောင့် သူဒါကို စိတ်ထဲမထားပါဘူး။

သူတို့တွေ မြို့ပေါ်ရောက်သွားတဲ့အချိန်မှာ မိသားစုလေးစုက အသီးသီး ခွဲထွက်သွားကြတယ်။ ရှုရန်က လျိုထုံနဲ့ကလေးတွေကို ကျိုးယွင်ဆီ အလည်အပတ်ခေါ်သွားဖို့ စီစဉ်လိုက်တယ်။ ကျိုးယွင်ကသူ့ဆီ နှစ်သစ်ကူးအလည်အပတ် လာရောက်လည်ပတ်ထားတာဆိုတော့ ဘာပဲဖြစ်ဖြစ် သူလည်း သူ့ဆီသွားလည်ပတ်သင့်တာပေါ့။ အဆုံးသတ်မှာတော့ သူသူ့ရဲ့အကူအညီကို လိုအပ်နေသေးတုန်းပဲလေ။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now