Zawgyi
ရှုရန်က အိမ်ပြန်လမ်းမှာ အနည်းငယ်စိတ်ဓာတ်ကျနေတယ်။ သူ့အတွက် အမှန်တကယ်ပဲ အစိုးရအရာရှိတစ်ယောက်ဖြစ်လာဖို့ဆိုတဲ့ နည်းလမ်းတစ်ခုပဲရှိတော့တာလားဆိုတာကို သူသိချင်နေမိတယ်။
အရူးရဲ့မှတ်ညဏ်ထဲမှာဆိုရင် စာဖတ်ပြီးလေ့လာဖို့အတွက် မနက်ခင်းစောစောထပြီး ညဘက်နောက်ကျမှအိပ်တဲ့နေ့တွေ အများကြီးရှိတယ်။ သို့သော်လည်း သူနောက်ဆုံးမှာ ရှူံးနိမ့်နေဆဲပဲ။ အရူးကနောင်တတစ်ချို့တောင် ရပြီးတော့ သနားစရာကောင်းနေသေးတယ်။
ရှုရန်ကအစိုးရအရာရှိတစ်ယောက်လုပ်ရင် ကောင်းမလား မကောင်းဘူးလားဆိုတာကို တွေးတောနေတယ်။ သူအရာရှိတစ်ယောက်ရဲ့အလုပ်သက်တမ်းမှာ တစ်ယောက်နှင့်တစ်ယောက် အချင်းချင်းလျို့ဝှက်ကြံစည်ပြီး တိုက်ခိုက်နေကြတာကိုတော့ မကြိုက်ပါဘူး။ ဒါပေမဲ့ သူ့မိသားစုနှင့်သူ့ကလေးတွေကို ပိုကောင်းမွန်တဲ့ဘဝမှာ နေထိုင်စေချင်တယ်။
ရှုရန်သူအရင်တုန်းက ဖတ်ခဲ့ဖူးတာကို မှတ်မိလိုက်တယ်။ အစိုးရအရာရှိတွေက စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်စရာမလိုသလို အခွန်လည်းပေးဆောင်စရာမလိုပါဘူး။
ရှုရန်က စစ်တာဝန်ထမ်းဆောင်ရတာကို စိတ်မပူပါဘူး။ သို့သော်လည်း အခွန်ကိစ္စကတော့ အမှန်တကယ်ကို ပြဿနာကြီးတစ်ခုဖြစ်တယ်။
အခုလက်ရှိသူ့မှာ လယ်စိုက်စရာ ဘာမြေကွက်မှမရှိပေမဲ့ နောက်ကျရင် ရှိလာမှာလေ။ သူအလုပ်ကို အရမ်းကြိုးကြိုးစားစားလုပ်ပြီး ဒီအရာတွေကို မကိုင်တွယ်ချင်ဘူး။ရှုရန်သူအစိုးရအရာရှိစာမေးပွဲကို ဝင်ဖြေပြီး စာသင်သားတစ်ယောက်ဖြစ်လာအောင် ကြိုးစားမယ်လို့ သူ့စိတ်ကိုယ်သူပြင်ဆင်လိုက်ပြီ။
တကယ်လို့သူ့မှာ ဂုဏ်ပုဒ်တစ်ခုခုရှိမယ်ဆိုရင် သူ့ကလေးတွေအတွက်လည်း အတင်ပြေလိမ့်မယ်။အဲ့လိုမျိုးတွေးပြီးနောက် ရှုရန်ကနောက်ဆုံးမှာ ခံစားရတာပိုသက်သာသွားပြီးတော့ ရှုအန်နှင့်စကားစတင်ပြောတော့တယ်။
သူတို့ရှုအန်အိမ်ကိုပြန်ရောက်ရောက်ချင်း ရှုရန်တံခါးကနေ ဖြတ်သွညးသမျှလူတွေကို လိုက်ကြည့်နေပြီး သူတို့ကိုရှာနေတဲ့ ကလေးနှစ်ယောက်ကို တွေ့လိုက်ရတယ်။ သူ့ရဲ့နှလုံးသားအရည်ပျော်သွားပြီလို့ သူရုတ်တရက် ခံစားလိုက်ရတယ်။
YOU ARE READING
Transmigration : TFLOA "Fool" (BL) [Myanmar Translation]
RomanceIt's just an offline translation. I only translate for fun. Please support original author and english translator. Title : Transmigration : The Farm Life Of A "Fool" Author : Zi Xi Status : 295 chapters (completed)+ 25extra Start date - 1.6.2021 E...