Summary [Uni]

27.4K 1K 11
                                    

❧ သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ်။

လင်ချင်းချင်း တစ်ယောက်မနေ့ညကမှသီချင်းဆိုပြိုင်ပွဲတွင်ပါဝင်ရန် သူမသူငယ်ချင်းနှင့်စကားပြောနေဆဲဖြစ်သည်။ နောက်နေ့သူမနိုးလာတဲ့အခါ သူမကငါးနှစ်အကြာသို့ ရောက်ရှိသွားခဲ့ပြီးသူမလုံးဝမသိသောအလွန်အောင်မြင်သည့် ဥဏ္ဌဠတစ်ဦးနဲ့လက်ထပ်ပြီးရုံသာမက သူနှင့်ကလေးတစ်ယောက်ပါရှိနေသည်ကိုတွေ့လိုက်ရတယ်!!!

ဒါကဘယ်လိုတောင်မှခွေးသွေးဇာတ်ကွက်ကြီးလဲဟ?

သူမကသူမရဲ့ခင်ပွန်းဖြစ်သူနဲ့ သူမရဲ့ကလေးကိုမနှစ်သက်သေးကြောင်း ပြောခဲ့ပြီးသူမနေ့တိုင်းလုပ်ချင်ခဲ့ဆုံးအရာကတော့ ကွာရှင်းပြတ်စဲခြင်းပါပဲ။

သူမရှေ့တွင်အာရုံစိုက်မှုနှင့်ဂရုစိုက်မှုကိုရှာနေသော ချစ်စရာဖက်ထုပ်လုံးလေးရဲ့ သနားစရာမျက်လုံးလေးများ၊ ချောမောပြီးချမ်းသာကာ ဂရုတစိုက်နဲ့သူမကိုအလိုလိုက်ပေးပြီး သူမအနားကပ်ချင်ပေမယ့်မဝံ့ရဲတဲ့ကိုယ့်ကိုကိုယ်ကြည်မှုလွန်ကဲနေသူ သူမရဲ့ခင်ပွန်း၊ လင်ချင်းချင်း ရဲ့နှလုံးသားလေးကနူးညံ့သွားလေတယ်။ ဒါကိုလက်သာခံလိုက်တော့ကွာ!

ပထမတော့ လင်ချင်းချင်း ကမိခင်ကောင်းတစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမဟာချစ်စရာကောင်းလွန်းတဲ့ခင်ပွန်းကို တွေ့ခဲ့ရတာကြောင့် သူမနေ့တိုင်းပဲသူ့ရင်ခွင်ထဲမှာပဲ လှိမ့်နေချင်တော့တယ်....

ရီဇီယန်က အစပိုင်းတွင် ထိုမိန်းကလေးကသူ့ကိုမချစ်ကြောင်းသိပါသည်။ သူဘယ်လောက်ပဲသူမအပေါ်ကြင်နာပေးပါစေ သူမကတန်းဖိုးမထားခဲ့ပေ။ သူမသူ့ကိုလက်ထပ်ခဲ့တုန်းကတောင် သူနဲ့မျက်လုံးချင်းစုံအောင်တောင် မကြည့်ချင်ခဲ့ဘူး။ နောက်ပိုင်းမှာ သူမကမှတ်ဥာဏ်တွေ ဆုံးရှုံးသွားခဲ့ပြီး သူ့ကိုလုံးဝမေ့သွားခဲ့တယ်။

သို့သော်လည်းသူမရဲ့မှတ်ဥာဏ်တွေဆုံးရှုံးပြီးနောက် သူမထူးခြားလာလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့ပေ။ သူမကသူ့ရဲ့ချဉ်းကပ်မှုကိုမငြင်းဆန်ဘဲသူ့ကိုပင်ပြုံးပြခဲ့တယ်။ နောက်ပိုင်းမှာသူမက သူ့ကိုအချိန်တိုင်းပိုမိုကပ်လာခဲ့ပြီး အလိုလိုက်ခံရတဲ့ကလေးမလေးတစ်ယောက်လို ပြုမူလေတော့တယ်။

သူမကအရမ်းကိုမှချိုမြိန်လာတာ ဒါကိုသူကဘယ်လိုလုပ်ပြီးတောင့်ခံနိုင်ပါ့မလဲ....

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now