Chapter - 17.3 [Uni]

4.2K 573 2
                                    

သူမ တုံ့ဆိုင်းနေတုံးမှာပဲ လင်ချင်းချင်းက သူမဘေးက အသံသေးသေးလေး တစ်သံကြားလိုက်ရတယ်။
"ဦးလေး သားမေမေက လက်ထပ်ပြီးသားလေ သူမက သားဖေဖေကလွဲပြီး ဘယ်ယောကျာ်းဆီကမှ ပန်းကို လက်ခံလို့မရဘူး။ ကလေးဖြစ်တဲ့ သားတောင် ဒါကိုသိတယ်။ ဦးလေးက လူကြီးဖြစ်နေပြီလေ ဒါလေးတောင် မသိဘူးလား။ တကယ်လို့ ဦးလေး အန်တီ ဝမ်ချန်း အတွက်တောင်းပန်ချင်ရင် တခြားတခုခု ဝယ်ပေးလို့ရတယ်လေ"

လုရှို့ယွမ်ရဲ့ နှုတ်ခမ်းတွေက ထောင့်ဘက်ကို ကြုံ့သွားတယ်။ သူက အိပ်မက်က နိုးထလာသလို ခြောက်ကပ်ကပ် ပြုံးလိုက်ပြီး "ရှောင်ယွမ် ပြောတာမှန်တာပဲ ငါကိုက ရှုပ်နေတာ။ ဒါဆို ငါမင်းအတွက် လက်ဆောင်နောက်တစ်ခု နောက်တစ်နေ့မှာ ထပ်ပြင်လိုက်မယ်"

သူမရဲ့နောက်က နက်နဲတဲ့ အသံတိုးတိုး ယောကျာ်းတစ်ယောက်အသံကို ကြားလိုက်ရတဲ့အခါမှာ သူမ တွန့်ဆုတ်သွားတယ်။
"မင်းက အရမ်းကို ယဉ်ကျေးတာပဲ"

သူတို့လှည့်ကြည့်လိုက်တော့ မနီးမဝေးမှာ ရီ‌ဇီယန်ကို မြင်လိုက်ရတယ်။ဒီနေ့ သူက မီးခိုးရောင် ဝတ်စုံပေါ်ကနေ စစ်စိမ်းရောင် ကုတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားတယ်။သူက ‌ဖြည်းဖြည်းလေး လမ်းလျှောက်လာတယ်။အရပ်ရှည်ရှည် ဖြောင့်ဖြောင့်တန်းတန်းနဲ့ အိတ်ကပ်ထဲ လက်ထည့်ပြီး ထင်ရှားမိမိုက်တဲ့ ဟန်ပန်နဲ့ လျှောက်လာခဲ့တယ်။သူ့လည်သာဖိနပ်က ကျောက်တုံးတွေပေါ်မှာ နင်းလိုက်တိုင်း ပြတ်သားတဲ့အသံတစ်ခု ထွက်ပေါ်လာလေတယ်။

သူ့ခြေလှမ်းတွေက နှေးကွေးလေးလံနေပေမယ့် လူတွေကို မမြင်နိုင်တဲ့ ဖိအားတစ်ခုကို ဖြစ်စေနိုင်တယ်။
"တကယ်လို့ မင်းအရမ်းပေးချင်တယ်ဆိုရင် ချင်းချင်း အစား ငါ လက်ဆောင်ကို လက်ခံပေးမယ်"သူကရှေ့ကို လျှောက်လာပြီး လုရှို့ယွမ်ကိုပြောလိုက်တယ်။

လုရှို့ယွမ်ကလည်း ပြုံးပြီးပြောလိုက်တယ် "ငါ ဒီကမ်းလှမ်းချက်ကို လက်ခံတယ်။နောက်ရက်အနည်းငယ်အတွင်းမှာလက်ဆောင်ပို့ပေးလိုက်မယ်" ပြောပြီး သူလှည့်ပြန်သွားတယ်။

"ရှင်ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ " ဝိုင်စက်ရုံမှာ တစ်ခုခုဖြစ်နေခဲ့ရင် သူအရမ်းအလုပ်ရှုပ်နေရမယ်လေ။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now