Chapter - 19.1 [Uni]

4.3K 594 3
                                    

သူမရဲ့နှလုံးခုန်သံတွေ ပိုပိုမြန်လာခဲ့ပြီး သူမရဲ့လက်ချောင်းတွေလည်း စတင်ပြီးတုန်ရီလာခဲ့သည်။ လျင်မြန်စွာ မျက်လုံးတွေကိုမှိတ်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းကာ စက္ကန့်အနည်းငယ်မျှ ခေတ္တရပ်ပြီး နောက်ဆုံးတွင် နောက်ကတိုင်ကြိုးကိုရစ်ပတ်လိုက်သည်။ သို့တိုင် သူမရဲ့ နှလုံးသားမှာ ကမောက်ကမ ဖြစ်နေသဖြင့် သူမရဲ့ လက်ချောင်းများက သူမလိုချင်သည့် အတိုင်း မရွေ့ဘဲ သူ့ကိုကူပြီး နက်ကတိုင်မြန်မြန်စည်းမပေးမီ အနည်းငယ်စောင်း‌သွားခဲ့သည်။

သူမ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး သူ့ကိုကြည့်ရန် ကြောက်လာသည်။  "ပြီးပြီ။"

သူမ မသိလိုက်တာကတော့ ရီဇီယန်ရဲ့ ခန္ဓာကိုယ်က တောင့်တင်းလာတာက်ိုပါပဲ။ သူမ နောက်ပြန်ဆုတ်သွားတော့ သူကနေ့အိပ်မက်မှ ချက်ချင်းနိုးထလာခဲ့ပြီး ချောင်းဆိုးကာ မျက်နှာကို တည့်တည့်ဖြင့်လှည့်ကာ "ကျေးဇူးတင်ပါတယ်" ဟု အေးဆေးစွာ ပြောလိုက်သည်။ ထို့နောက် သူကတံခါးကိုဖွင့်ကာ ထွက်သွားခဲ့လေသည်။

လင်ချင်းချင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမတကယ်သေချင်သွားခဲ့တာ။ သူမတွင် မကောင်းတဲ့ စိတ်ရှိသော်လည်း မကောင်းမှုလုပ်ဖို့တော့ သတ္တိမရှိပေ။ လည်ပင်းမှာ နက်ကတိုင်ကြိုးချည်ဖို့တောင် သူမ အရမ်းစိတ်လှုပ်ရှားနေခဲ့တာ၊ သူ့ကို လှဲချဖို့ သတ္တိတိုတာကတော့ ဘယ်မှာရှိပါတော့မလဲ။ သူမက တကယ်ရဲတင်းတယ်လို့ သူမခံစားမိသည်။

နက်ကတိုင်ကြိုးချည်ရန် ကမ်းလှမ်းမှုကို သူ မငြင်းဆန်ခဲ့သည်ကို တွေးမိကာ သူမရဲ့ နှလုံးသားလေး ရွှင်မြူးသွားပြန်သည်။ ရီဇီယန်က သူမချဉ်းကပ်တာကို မငြင်းဘူး။ ဒါကိုတွေးမိပြီး သူမကုတင်ပေါ် လဲကျသွားပြီး ခေါင်းကို စောင်နဲ့ အုပ်လိုက်ကာ ဝမ်းသာအားရ လှိမ့်လိုက်တယ်။

ထိုအချိန်တွင် ရီဇီယန်မှာ‌တော့ လုံးဝကို ဇဝေဇဝါနှင့် ကြောင်အအဖြစ်ကာ ထွက်သွားလေသည်။ သူကရှေ့သို့သာလျှောက်နေခဲ့ကာ လသာဆောင်ရောက်မှသာ ရပ်တန့်သွားခဲ့ပြီးမှသာ လမ်းမှားသွားကြောင်း သိလိုက်ရတဲ့အထိပါပဲ။ တကယ်တော့ သူမနက်စာစားဖို့ရာ အောက်ထပ်ကိုဆင်းမလို့ပါ။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now