Chapter - 53.1 [Uni+Zawgyi]

1K 111 1
                                    

Chapter - 53.1 {Extra 4}

နောက်တစ်နေ့တွင် သူမတို့နှစ်ယောက် ဝူကျီ၏မိဘအိမ်သို့သွားခဲ့သည်။ ဝူကျီ၏ဖခင်သည် အငြိမ်းစားအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဝူကျီ၏မိခင်မှာ မျက်လုံးစောင့်ရှောက်မှုထုတ်ကုန်များထုတ်လုပ်သူဖြစ်သည်။ သူ့မိသားစုက သိပ်ချမ်းသာပြီး အာဏာရှိတာမျိုးမဟုတ်ပေမယ့် သာမန်မိသားစုထက်တော့ ပိုကောင်းပါတယ်။ ဝူကျီသည် တစ်ဦးတည်းသောသားဖြစ်ပြီး သူ့မိဘတွေက သူငယ်ငယ်ကတည်းက အလုပ်များသူတွေဖြစ်တာကြောင့် သူ့ကိုသေချာမပြုစုပျိုးမထောင်နိုင်ခဲ့ကြပါဘူး။ သူက ထိန်းသိမ်းကြပ်မတ်မှုလည်းမခံခဲ့ရသလို သူ့မိသားစုကလည်း ချမ်းသာတာကြောင့် သူသည် ငယ်ရွယ်စဉ်ကတည်းကပင် ပုန်ကန်တတ်သော စရိုက်နှင့် တဖြည်းဖြည်း ကြီးပြင်းလာခဲ့သည်။ အခုတော့ အရင်ကထက် အများကြီး ပိုကောင်းလာပါပြီ။

မေမေ ဝူ က သူတို့တွေ လက်ထပ်မှတ်ပုံတင်ပြီးကြပြီဆိုတာ သူမကသိနှင့်ပြီးပြီဖြစ်ပြီး သူမကသိပ်ကိုပျော်ရွှင်နေတာကြောင့် လင်ကျန်းကျန်း အိမ်ထဲရောက်တာနဲ့ သူမကအရင်ဆုံး အနီရောင် စာအိတ်ကြီးကြီးကို ပေးတော့တယ်။

 
ဝူ မိသားစုအိမ်မှထွက်ခွာလာပြီးနောက်၊ ဝူကျီသည် လင်ကျန်းကျန်း ကိုငြိမ်းချမ်းရေးစားသောက်ဆိုင်သို့လိုက်ပို့ခဲ့သည်။ သူတို့တွေကို အံ့အားသင့်သွားစေတာကတော့ တံခါးရဲ့အပြင်ဘက်မှာ ချင်းပိုင်လွမ် ထိုင်စောင့်နေတာကို တွေ့လိုက်ရလို့ပါပဲ။

လင်ကျန်းကျန်း ကိုမြင်လိုက်ရတော့ ချင်းပိုင်လွမ် က ကမန်းကတန်းထကာ သူမထံ ချဉ်းကပ်လေသည်။ ဝူကျီ သူမနောက်က လိုက်လာသည်ကိုမြင်ပြီးနောက် ချင်းပိုင်လွမ် မျက်မှောင်ကြုတ်လိုက်သည်။

 
သူ့ကိုမြင်လိုက်ရတော့ လင်ကျန်းကျန်း၏ မျက်နှာသည် ရုတ်တရက် အေးစက်သွားခဲ့သည်။ ဝူကျီ မရှိရင်တောင် သူမက ချင်းပိုင်လွမ်ကို ထပ်မတွေ့ချင်တော့ဘူး။ ယခု သူမက ဝူကျီ၏ဇနီး ဖြစ်လာခဲ့ပြီ။ ဒီလူကိုမြင်တော့ သူမစိတ်မချမ်းမသာ ဖြစ်မှုကိုသာခံစားလိုက်ရသည်။

"ရှင်ဒီမှာဘာလာလုပ်နေတာလဲ၊ ရှင့်ကိုကျွန်မဆီထပ်မလာဖို့ ကျွန်မပြောခဲ့တယ်မဟုတ်လား"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now