Chapter - 19.2 [Uni]

4K 602 3
                                    

လင်ချင်းချင်းလည်း နောက်ထပ် ဘာမှ ထပ်မမေးတော့ဘူး။

အာဲ့ဒီ့အချိန်မှာပဲ တစ်ယောက်ယောက်က တံခါးကို လာခေါက်တယ်။လျို့ဝမ်က ဝင်လာပါလို့ပြောပြီးတဲ့နောက် မိန်းမတစ်ယောက် ဝင်လာခဲ့ပါတယ်။သူမက ပုဝါခြုံထားတဲ့ တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး သုံးဆယ်ဝန်းကျင်လောက် ရှိပုံပေါ်တယ်။သူမရဲ့ အသွင်အပြင်နဲ့ တရုတ်ရိုးရာဝတ်စုံနဲ့ တွဲဖက်လိုက်တော့ ရင့်ကျက်တည်ငြိမ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဆွဲဆောင်မှုအလှအပကိုပိုပေါ်လွင်စေတယ်။
လင်ချင်းချင်းဟာ ဧည့်သည်ကို မြင်လိုက်ရတဲ့အခါမှာ စိတ်လှုပ်ရှားလွန်းလို့ မူးမေ့လဲလုမတတ် ဖြစ်သွားတယ်။

သူမ MK မှာ ယန်နန်နဲ့ တွေ့ဖို့ကို စိတ်ကူးယဉ်ထားပေမယ့် အမှန်တကယ် တွေ့နိုင်လိမ့်မယ်တော့ မထင်ထားခဲ့ဘူး။

ယန်နန်က အပြုံလေးနဲ့ လမ်းလျှောက်လာပြီး သူမမျက်လုံးတွေကတော့ အနည်းငယ် စိတ်လှုပ်ရှားနေတယ်။"မစ်လင်ချင်းချင်း လာမယ်ဆိုတာ ငါကြားလိုက်ရလို့ ငါလာကြည့်တာ "သူမက လင်ချင်းချင်းဆီကို ဆက်လျှောက်လာတယ် "နင်က မစ်လင်းလား ငါ နင့်သီချင်းတွေကို ကြားဖူးပြီး အရမ်းသဘောကျတယ်။တကယ်လို့ နင်စိတ်ဝင်စားမယ်ဆိုရင် ငါ့အဖွဲ့ကို ဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်"

သူမက သူမ idol ကို ကြောင်ပြီး ကြည့်နေမိတယ်။သူမပြောသမျှကို ကြားရပေမယ့် ဘယ်လို ပြန်ဖြေရမယ်မှန်းတော့ မသိတော့ဘူး။

သူမ ဘေးမှာရှိတဲ့ လျို့ဝမ်က ပြောလိုက်တယ် " မင်းရဲ့ ဆန္ဒဟာ အချည်းနှီးဖြစ်သွားလောက်ပြီ။အခုလေးတင်ပဲ မစ်လင်းက ငါ့ရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့တာ"

"တကယ်လား" ယန်နန့်မျက်လုံးထဲက အရောင်တောက်ပနေမှုဟာ သာမန်မျက်စိနဲ့ မျက်စိနဲ့ မြင်နိုင်လောက်တဲ့အထိ မြန်မြန်ဆန်ဆန် ဖျော့တော့သွားတယ်။" ဒါက သနားစရာပဲ"။

ဒါပေမယ့် လျို့ဝမ်လိုပဲ သူမဘာကြောင့် ငြင်းဆိုရလဲဆိုတာကိုတော့ မမေးခဲ့ဘူး။

အချိန်တော်တော်ကြာပြီးတော့ နောက်ဆုံးမှာ လင်ချင်းချင်း ပြန်အဆင်ပြေသွားတယ်။သူမက ယန်နန်ကို ချီတုံချတုံနဲ့ ငုံ့ကြည့်ပြီး " မစ် ယန်နန် ငါက နင့်ရဲ့ အမာခံပရိသတ်တစ်ယောက်ပါ ငါ နင့်ရဲ့ လက်မှတ်ကို ရနိုင်မလား"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now