Chapter - 44.1 [Uni+Zawgyi]

1.3K 150 3
                                    

Chapter - 44.1

သူက ထိုနေရာတွင်ပဲ ကြောင်တောင်တောင် ရပ်နေခဲ့ပေမယ့် ဘာမှ‌ပြန်မပြောခဲ့ပါဘူး။ တံခါးဖွင့်ရတာက အချိန်အတော်ကြာသွားခဲ့သည်။ လင်ချင်းချင်းက  သူမရဲ့ခရီးဆောင်အိတ်ကို ဆွဲထုတ်ပြီး ထွက်သွားခဲ့တယ်။

သူမက အိပ်ဆောင်ပြောင်းပြီး အတန်းပြန်တက်ဖို့လုပ်ခဲ့ပြီး အိမ်ဖို့ပြန်လာဖို့ကရှားပါသည်။ ရီဇီယန်ကတော့ သူမကို မကြာခဏ လာတွေ့လေ့ရှိပါတယ်၊ တစ်ခါတ‌လေ သူတစ်ယောက်တည်းလာတတ်ပြီး  တစ်ခါတလေမှာ ကလေးလေးနဲ့အတူ လာလေ့ရှိတယ်။ လာတွေ့တဲ့ အခါတိုင်းမှာ ပစ္စည်းတွေအများကြီး ဝယ်လာလေ့ရှိတယ်။ အစားအစာတွေ အဝတ်အစား‌တွေ လက်ဝတ်ရတနာတွေနဲ့ အခြားလိုအပ်မယ့်ဟာ‌တွေ အများကြီးကို ဝယ်ပေးလေ့ရှိပါတယ်။ အကြိမ်ဖန်များစွာ ငြင်းဆိုခဲ့‌ရင် သူက လွှင့်ပစ်ဖို့လုပ်ပါတော့တယ်။ လက်ခံဖို့ကလွဲပြီး သူမမှာ ရွေးချယ်စရာမရှိခဲ့ပါဘူး။ မုန့်တွေကိုတော့ အိပ်ဆောင်ကအခန်းဖော်တွေကို ပေးပစ်ပြီး အဝတ်အစားတွေနဲ့ လက်ဝတ်ရတနာတွေကိုတော့ သူမ အစ်မကြီးကို ပေးပစ်ခဲ့တယ်။

သူမက ရီဇီယန်နဲ့ သူမ ပက်သက်မှုကို လူတွေသိမှာကို ကြောက်တဲ့အတွက် သူတို့‌တွေ့ကြတိုင်း ကားပေါ်တွင်သာတွေ့ကြပြီး ကျောင်းကို ပတ်မောင်းခိုင်းခဲ့ပေမယ့် ကျောင်းထဲမှာတော့ သူမကို ယောက်ျားတစ်ယောက်က ထိန်းချုပ်ထားတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်လို့နေလေတယ်။ လင်ချင်းချင်းက သိပ်တော့ ဂရုမစိုက်ပါဘူး။

ရက်တွေကြာလာတာနဲ့အမျှ သူမကိုယ်တိုင်လည်း အလုပ်ရှုပ်နေခဲ့တယ်။ သူနဲ့ကလေးကို မတွေ့ချင်တာကြောင့် သူမဆီလာတိုင်း သူမ ရှောင်နေခဲ့တယ်။

ထိုနေ့ညက စာကြည့်တိုက်ကနေ သူမပြန်လာ‌တော့  ဘယ်သူမှမရှိတဲ့ တောအုပ်လေးကို ဖြတ်လျှောက်လယခဲ့တယ်။ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်က သူမစိတ်နှလုံးကို အေးချမ်းစေလို့  သူမထိုင်ချလိုက်ပြီး စီးကရက်တစ်လိပ်ကို ထုတ်ယူလိုက်တယ်။

ခဏကြာတော့ လက်တစ်ဖက်က သူမဆီ ရောက်လာပြီး သူမမတုံ့ပြန်နိုင်ခင်မှာပဲ ဆေးလိပ်ကို ဆွဲယူသွားခဲ့၏။ သူမ ကြည့်လိုက်တော့ အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ယောက်ကို မြင်လိုက်ရတယ်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now