Chapter - 33.2 [Uni+Zawgyi]

2.6K 336 5
                                    

Chapter - 33.2

လင်းချင်းချင်းက မုချုန်းရဲ့ လူထုအမြင် အကြပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို ယုံကြည်တာကြောင့် ရဲထံ သတင်းပို့ရန် သူမ၏ ဆဲလ်ဖုန်းကို ချက်ချင်းထုတ်လိုက်သည်။ ရဲများရောက်လာခဲ့ပြီး လင်းချင်းချင်းက သူမ(မိုချင်းယန်)နှင့် ရှောင်ပိုင်တို့ ဆက်ဆံရေးကို မိုချင်းယန် ထံမှ သိရှိခဲ့ရသည်။

အစမှာ မိုချင်းယန် ၏မိသားစုက ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့သည် သို့သော်လည်း နောက်ပိုင်းတွင် သူမအား ချမ်းသာသောမိသားစုမှ မွေးစားခဲ့သည် အမှန်တကယ်တွင်မူ မိုချင်းယန်မှာ ထိုအချိန်က ဆယ်ကျော်သက်အရွယ်ထက်ပင် ပိုနေပြီဖြစ်တာကြောင့် မွေးစားခံရမည့်အရွယ်ကျော်နေပြီဖြစ်၍ မွေးစားခံရသည်ဟုလည်းမခေါ်ဆိုနိုင်ပေ။ ထိုမိသားစုတွင် နေထိုင်ရုံမျှဟုမှတ်ယူနိုင်သည်။ မိဘများက သူမအား အလွန်ကြင်နာကြသော်လည်း ထိုမိသားစုမှသားဖြစ်သူကတော့ အနည်းငယ် ရိုင်းစိုင်းသူဖြစ်သည်။

 
အာဏာရှင်ကလေး ရှောင်ပိုင်က အခြားသူများ၏ ထောက်ပံ့မှုအောက်တွင် နေထိုင်ရတဲ့ ကလေးမလေး မိုချင်းယန် ကို အလွန်ရွံရှာခဲ့သည်။ ရံဖန်ရံခါ သူသည် ရွဲ့စောင်းပြောတတ်ပြီး ဒါက မလုံလောက်သေး ရံဖန်ရံခါတွင် သူက သူမအား နောက်ပြောင်ပြောဆိုတတ်သည်၊ စကားများရန်ဖြစ်ကြတဲ့တစ်ခါကတော့ ရှောင်ပိုင်က သူမအား အလွန်ကြမ်းတမ်းသောစကားအချို့ပြောခဲ့တာကြောင့် မိုချင်းယန်မှာ အလွန် ဒေါသတကြီးထွက်သွားကာ နောက်ဘယ်တော့မှ ပြန်မလာတော့ပေ။

ဒါပေမယ့် သူမကို အမြဲတမ်း ရွဲ့စောင်းနေတတ်တဲ့ ရှောင်ပိုင် ကတော့ စတင်ကာ နေရာတိုင်းတွင် သေချာတာပေါ့ သူကတော့ သူမကို ရှာတာက သူ့မိဘတွေက သူ့ကို ရှာခိုင်းတယ်လို့သာ ပြောခဲ့ပါတယ်။

 
ရဲစစ်ဆေးရေးမှူးက အခြေအနေကိုသိပြီးနောက် သူတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် သိခဲ့ကြပြီး ရှောင်ပိုင် ကလည်း ဘာမှပြင်းပြင်းထန်ထန်မလုပ်တဲ့အတွက် ရှောင်ပိုင် ကို ကောင်းကောင်းကြီး နှုတ်ပညာပေးရုံပါပဲ။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now