Chapter - 2 [Uni]

6.9K 620 11
                                    

- ဒီငါးနှစ်နောက်ပိုင်းမှာဘယ်လိုတွေဖြစ်ခဲ့တာလဲ?

လင်ချင်းချင်းအလွန်အမင်းစိတ်ရှုပ်ထွေးသွားခဲ့သည်။ သူမရဲ့ရှုပ်ထွေးမှုကြောင့်လင်ကျန်းကျန်းကသူမကိုဆွဲခေါ်သွားခဲ့သည်။ ထို့နောက်သူမကအပေါ်ဝတ်အင်္ကျီကိုလင်ချင်းချင်းအား၀တ်ပေးကာသူမကိုကားထဲသို့ထည့်လိုက်ပြီးဆေးစစ်ရန်ဆေးရုံသို့ခေါ်ဆောင်သွားခဲ့သည်။

"ဒါကဘယ်လိုဖြစ်နိုင်မှာလဲ? ၂၀၁၈ ခုနှစ်ကဘယ်လိုလုပ်ဖြစ်မှာလဲ? မဟုတ်ဘူး၊ မဟုတ်ဘူး ဒါကအိပ်မက်တစ်ခုပဲဖြစ်ရမယ်။ " သူမကသူမဘာသာသူမရေရွတ်နေခဲ့ပြီးပါးကိုလက်ဖြင့်ရိုက်သော်လည်းသူမမျက်နှာပေါ်၌နာကျင်မှုကိုသိသာစွာခံစားခဲ့ရသည်။

တစ်ခုခုကိုစဉ်းစားရင်း လင်ချင်းချင်းကမေးလိုက်တယ်။ "ကျဲ ငါ့အသံဘာဖြစ်တာလဲ?"

"လွန်ခဲ့တဲ့ငါးနှစ်ကနင်ပြိုင်ပွဲမသွားခင်သောက်ဖို့ boba milk tea တစ်ခွက်ဝယ်ခဲ့တယ်။ boba milk tea ထဲမှာဖန်စတစ်ခုကျန်နေခဲ့တယ်။ နင်ဖန်စအကျန်ကိုအလုံးတွေနဲ့အတူရောသောက်မိပြီးနင့်လည်ပင်းကိုဖြတ်လိုက်မိတယ်။ ဒါပေမယ့်ဒဏ်ရာကိုသေသေချာချာမကုသခဲ့ဘူး၊ ရောင်ရမ်းမှုဖြစ်ပြီးအသံကြိုးတွေကိုထိခိုက်သွားခဲ့တယ်” ဟုလင်ကျန်းကျန်းကပြောခဲ့တယ်။

လင်ချင်းချင်းတစ်ယောက်မိုးကြို့အပစ်ခံလိုက်ရပြီးသေသွားသကဲ့သို့ပင်။ သူမစကားပြန်ပြောရန်အချိန်တော်တော်ကြာသွားခဲ့သည်။ "ဒါဆိုနောက်ဆုံးတော့ငါပြိုင်ပွဲမှာမပါဝင်ခဲ့ရဘူးလား? "

လင်ကျန်းကျန်းခေါင်းညိတ်လိုက်တယ်။

ဒါကကြောက်စရာကောင်းလိုက်တာ! ဘာကြောင့်ဒီလိုဖြစ်ရတာလဲ? လွန်ခဲ့သောငါးနှစ်ကသူမအတွက်သူမကိုယ်တိုင်စီစဉ်ခဲ့တဲ့လမ်းကြောင်း၌ထိုကဲ့သို့ဖြစ်နိုင်ချေမရှိချေ။

သူမကငယ်ရွယ်စဉ်ကတည်းကသီချင်းဆိုဝါသနာပါပြီးဂီတဘက်တွင်လည်းထူးချွန်သူတစ်ဦးဖြစ်သည်။ ဒါကြောင့်သူမရဲ့မိဘတွေကသူမရဲ့ဂီတကိုငယ်ငယ်ကတည်းကအာရုံစိုက်ခဲ့တယ်။

သူမကကြိုးတပ်တူရိယာများတွင်ဂစ်တာမှလွဲ၍မတီးနိုင်သော်လည်းဂီတတူရိယာမျိုးစုံကိုတီးနိုင်သူဖြစ်သည်။ တက္ကသိုလ်၌သူမကအကောင်းဆုံးဂီတထိန်းသိမ်းရေးတက္ကသိုလ်သို့ဝင်ခွင့်ရခဲ့ပြီးသူမရဲ့ပင်ကိုယ်စွမ်းရည်နှင့်ကြိုးစားမှုတို့ကြောင့်သူမကကျောင်းတွင်အလွန်ကောင်းစွာလုပ်ဆောင်ခဲ့ပါတယ်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now