Chapter - 11.2 [Uni]

5.1K 709 7
                                    

- သူမတကယ်ငါ့ကိုရယ်ပြတယ်? ကြောက်စရာကောင်းလိုက်တာ!

အိမ်မှာအောက်ထပ်ကကိစ္စတွေကိုသာအာရုံထားလေးရှိတဲ့ဟွေ့ရီနဲ့သူမတစ်ယောက်တည်းသာဖြစ်တာမို့အလုပ်ရုံတံခါးကိုမပိတ်ခဲ့ပေ။ ထုံးစံအတိုင်းပါပဲရီဇီယန်တံခါးဝမှာပေါ်လာတာကိုသူမသတိမထားမိလိုက်ပါဘူး။

ရီဇီယန်ကကုမ္ပဏီတွင်မနေနိုင်ခဲ့ပေ။ ထိုင်နေရင်းနဲ့ပင်အိမ်ပဲပြန်ချင်လာခဲ့တာဖြစ်တယ်။ နောက်ဆုံးတွင်တော့သူကသူ့ကိုယ်သူဆန့်ကျင်ကာသူ့အလုပ်ကိုစီမံခဲ့ပြီးမှသာအိမ်ပြန်လာခဲ့သည်။ သူပြန်လာပြီးနောက်မှာသူမအလုပ်ရုံကိုဖြတ်သွားမိကာစတူဒီယိုတွင်သူမအလုပ်များနေသည်ကိုတွေ့လိုက်ရသည်။ သို့သော်ယခုတစ်ကြိမ်တွင်သူမကဂီတတူရိယာများကိုကျယ်လောင်စွာရူးသွပ်စွာမတီးခတ်ဘဲစန္ဒယားစာရေးခြင်းနှင့်စာမူပေါ်တွင်ရေးကာငြိမ်သက်စွာထိုင်နေခဲ့သည်။

အတွေးနက်နေသကဲ့သို့သူမရဲ့မျက်ခုံးများကအနည်းငယ်ကော့နေခဲ့သည်။ သူမရဲ့မျက်ခုံးများကအလွန်ပါးလွှာသည်။ ကွေးလိုက်တဲ့အခါအလွန်လှပသောပုံသဏ္ဍာန်အဖြစ်သို့ကွေးသွားကြသည်။ သူမရဲ့အသားအရေမှာအလွန်ဖြူစင်ပြီးတောက်ပြောင်လှသည်။ အာရုံစူးစိုက်သည့်မျက်နှာထားနှင့်မျက်လုံးမှိတ်ထားကာ key ပေါ်သို့လက်ချောင်းထိပ်များကျရောက်ကာလှပသောသီချင်းသံများထွက်ပေါ်လာခဲ့သည်။ သူမမျက်နှာတစ်ခုလုံးသည်တက်ကြွမှုအပြည့်နှင့်ပြတင်းပေါက်အပြင်ဘက်ရှိအပြာရောင်ကောင်းကင်ကြီးသည်လည်းပိုမိုတောက်ပလာကာလေထဲတွင်နွေဦး၏မွှေးရနံ့တစ်ခုရှိနေပုံရသည်။

လင်ချင်းချင်းအလုပ်များလာတာနဲ့အမျှသူမဟာ အချိန်တွေကိုမေ့သွားခဲ့ပြီးအဲဒီထဲကိုဝင်လိုက်တာနဲ့သူမကိုယ်သူမပင်မေ့လျော့သွားခဲ့သည်။ ထို့ကြောင့် သူမလည်ပင်းနာကျင်လာသည်ကိုခံစားမမိမချင်းရီဇီယန်အားသတိမထားမိခဲ့ပေ။ သူမလည်ပင်းကိုတွန့်ကွေးကာဖြေလျှော့လိုက်သည်၊ ထိုအချိန်မှပင်တံခါးဝတွင်ကြောင်တက်တက်ဖြင့်ရပ်နေသောထိုလူကို သူမတွေ့လိုက်ရသည်။

ထိုမြင်ကွင်းကြောင့်သူမလန့်သွားခဲ့ရသည်။

"ဘယ်လို... ရှင်ဘယ်လိုပြန်တာလဲ"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now