Chapter - 22.2 [Uni+Zawgyi]

3.9K 536 11
                                    

Chapter - 22.2

သူမ ကြည်လင်တဲ့ ကောင်းကင်မှာ ဝရဇိန်မိုးကြိုးနှင့် ကြုံတွေ့လိုက်ရသည်။ မဟုတ်တာလုပ်မိလိုအမိခံလိုက်ရသလို ဒါမှမဟုတ် ကျားနှုတ်ခမ်းမွှေး သွားဆွဲနှုတ်တဲ့အချိန် ကျားက ရုတ်တရက် နိုးလာသလို ခံစားလိုက်ရသည်။

ဤအခြေအနေမှာ မည်မျှထိတ်လန့်စရာကောင်းမည်ကို တွေးကြည့်နိုင်ပါသည်။

လင်ချင်းချင်း တစ်ယောက် သူမခေါင်းထဲတွင် ပြင်းထန်တဲ့ ပေါက်ကွဲမှုကို ခံစားလိုက်ရပြီး သူမရဲ့ စနစ်ကြီး ချက်ခြင်း ပျက်သုဥ်းသွားခဲ့သည် ။

ဘာလုပ်ရမလဲ?  ဘာလုပ်ရမလဲ?  ဘာလုပ်ရမလဲ?  ဒါပေမယ့် ပျက်သွားတဲ့ သူမရဲ့ ဦးနှောက်လေးကတော့ ဘာမှကိုစဉ်းစားလို့ မထွက်တော့ပေ။

“ကျွန်… ကျွန်မ… အဲဒါကကျွန်မ …”  လင်ချင်းချင်း၏ စကားများမှာ ဗလုံးဗထွေးနှင့် ရှုပ်ထွေးလို့နေကာ သူမဘာပြောနေမှန်းကိုမသိတော့ပေ။

ရီဇီယန်က သူ့ခန္ဓာကိုယ်ကို တံတောင်ဆစ်ဖြင့်ထောက်ကာ အနည်းငယ်ထလိုက်ပြီး ပြုံးနေသကဲ့သို့ သူမအား စိုက်ကြည့်လို့နေသည်။  " မင်းခုနတုန်းကဘာတွေလုပ်နေတာလဲ?"

သူမခေါင်းငိုက်စိုက်လေးနဲ့ နှုတ်ခမ်းတွေကို ကိုက်ထားမိရင်း သူ့မျက်နှာကိုတောင် မကြည့်ရဲတော့ဘူး။ သူမကို ဘယ်လိုအဖမ်းခံထိသွားရတာလဲ? သူမ သေသေချာချာ ဂရုစိုက်ပြီးကို လုပ်ခဲ့တာ အခုတော့ သူမဘာလုပ်ရတော့မလဲ?

သူ သူမကို သူအိပ်နေတဲ့အချိန် ညစ်ပတ်တာတွေလုပ်ပြီး အမြတ်ထုတ်မဲ့ ဗီလိန်မိန်းမကြီးလို့ မထင်သွားပါဘူးနော်?

မရဘူး၊ မရဘူး၊ မရဘူး၊ သူအဲဒီလိုတွေးသွားလို့မရဘူး၊ သူမက အင်နိုးစန့်လေးပါ။ သူ့မျက်လုံးထဲမှာ သူမအပြစ်ကင်းစင်တဲ့သူလေးပဲဖြစ်နေရမယ်။

" ကျွန်မ... ကျွန်မရှင့်ရဲ့မျက်နှာပေါ်မှာ ခြင်တွေ တွေ့လိုက်လို့ ခြင်မောင်းပေးချင်လို့ပါ။" 

ဘယ်လို အကျိုးနည်း အကြောင်းပြချက်မျိုးကြီးလဲဟ

လင်ချင်းချင်း ပြောပြီးပြီးချင်း သိပ်မကြာမီမှာပဲ သူမရဲ့ပါးစပ်ကို သူမဖြတ်ရိုက်ချင်သွားသည် သို့သော်လည်း ယင်းထက် ပိုမိုကောင်းမွန်သည့် အကြောင်းပြချက်ကလည်းမရှိပေ။ သူမသူ့ကိုကြည့်ပြီးတော့လည်း တိုက်ရိုက်ကြီး တိုဟူး ဒါမှမဟုတ် တစ်ခုခုစားချင်သည်ဟုလည်း သူမသွားမပြောနိုင်ပေ။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now