Chapter - 36.2 [Uni+Zawgyi]

1.6K 202 1
                                    

Chapter - 36.2

လင်းချင်းချင်းက မူလတွင် ဤရွာသားများသည် ရက်စက်ကြမ်းကြုတ်ပြီး ဥပဒေကို မသိနားမလည်ကြဘူးလို့ ထင်မြင်ခဲ့သော်လည်း သူမသည် သူတို့အား အလွန်အမင်း လျှော့တွက်မိခဲ့ပုံရသည်။

သူတို့ဟာ အလွန်လိမ္မာပါးနပ်ကြပြီး ဥပဒေမှ လွတ်ပေါက်များကို အသုံးချနည်းကိုလည်း သိကြသည်။

 
လုယက်မှုဟာ ကြီးလေးတဲ့ ပြစ်မှုမဟုတ်သလို ထိုလုယက်မှုကလည်း အထမမြောက်ခဲ့ဘူး ဒါ့ကြောင့် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာ မဟုတ်ပါဘူး။

"ဒါဆို အခု ဘာဖြစ်မှာလဲ၊ ဒီလူတွေကို တရားစီရင်ဖို့ နည်းလမ်းမရှိတော့ဘူးလား? မန်ထျန်းရော ဘယ်မှာလဲ? မန်ထျန်း ကရော သူတို့နောက်ကို ပြန်လိုက်သွားရမှာလား၊ သူမမိဘတွေကရော ဘာပြောကြလဲ?"

 
မုချုန်းက ပြတင်းပေါက်ကို မော့ကြည့်လိုက်သည်။ ဒီနေ့ဟာ နေသာနေပါတယ်၊ ​​ရုတ်တရက် ရယ်လိုက်ပေမယ့် သူ့မျက်လုံးတွေထဲက မျက်ရည်တွေလျှံထွက်လာသည်။ "ငါတို့ဘာများလုပ်နိုင်မှာလဲ။ သူမမိဘတွေက သူမသေသွားပြီလို့ ထင်ပြီး နောက်ထပ် ကလေးတောင်မွေးထားကြတယ်၊ သူမကို အသိအမှတ်တောာင်မပြုချင်ကြတော့ဘူး။ သူမက ခွေးယောက်ျားနဲ့ လက်ထပ်ထားပြီး ကလေးပါရှိထားပြီးသား၊ မန်ထျန်း က အဲဒီနေရာမှာ သူတို့ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ တိုက်ရိုက်အထောက်အထားလည်းမရှိဘူး၊ သူတို့က သူမကို ခေါ်သွားချင်တယ်ဆိုရင် ဘယ်သူကမှ ဝင်ပြောပိုင်ခွင့်မရှိဘူး။"

"ဒါဆို သူတိုက အကုန်လုံး အပြစ်ပေးခံရမှာ မဟုတ်ဘူးပေါ့? "

 
မုချုန်း သူ့မျက်လုံးများကိုမှိတ်ထားလိုက်ပြီး ဘာမှမပြောတော့ပေ။

ယခုအချိန်တွင် သူက အခြားသူများထက် ပိုခံစားနေရမည်ဆိုတာ လင်းချင်းချင်း သိပါသည်။ နှစ်ပေါင်းများစွာကြာအောင် လွမ်းဆွတ်နေခဲ့ရသော သူ့ရည်းစားဖြစ်သူဟာ ယခုအချိန်တွင် ဤကဲ့သို့ ဖြစ်နေရသည်။ သို့သော် သူသည် ဘာကိုမှမပြောင်းလဲနိုင်ခဲ့ပေ။

 
လင်းချင်းချင်း သူ့အား အနှောက်အယှက်မပေးတော့ဘဲ ပခုံးအားပုတ်ကာ နှစ်သိမ့်ပေးပြီး ထွက်လာခဲ့သည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now