Chapter - 40.3 [Uni+Zawgyi]

1.5K 156 1
                                    

Chapter - 40.3

"ဘာကိစ္စလဲဟုတ်လား? နင်တကယ် အဘိုးကြီးတစ်ယောက်နဲ့ အိပ်ခဲ့တယ်ဆိုတဲ့အကြောင်းလေ။"

အဘိုးကြီး?  လျန်ရှင်းက သူမ၏ ကွန်ယက် သူငယ်ချင်း အဖြူရောင်ကို အဘိုးကြီးမဟုတ်သည်ကိုမသိပေ ဒါက သူမအမှားကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အဖြူရောင်သည် အားကိုးရာမဲ့ ဦးလေးတစ်‌ယောက်ဖြစ်သည်ဟု သူမ အထင်လွဲခဲ့သည်။ လျန်ရှင်းကလည်း သူမရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့အတွက် အဖြူရောင် လို့အမည်ပေးထားတဲ့ အင်တာနက်အသုံးပြုသူနဲ့ စကားပြောခဲ့ပြီး သူ့ကိုရှာဖို့သွားခဲ့တာတောင် သူမသိခဲ့ပါတယ်။  အဖြူရောင်ကို သူမ တစ်ခါမှ မမြင်ဖူးတာကြောင့် သူ့အား ဦးလေးဟု သဘာဝကျကျ ထင်မြင်ခဲ့သည်။

 
လင်ချင်းချင်းကတော့ သူမ ဦးလေးကြီးတစ်ယောက်နှင့် မအိပ်ခဲ့ရကြောင်း သူမအား ပြောရန် အစီအစဉ်မရှိပေ။ အကြောင်းမှာ ဦးလေးကြီးဖြစ်စေ မဟုတ်သည်ဖြစ်စေ လင်ချင်းချင်း အတွက်တော့ ဘာမှပြောင်လဲသွားမည် မဟုတ်တဲ့အတွက်ဖြစ်သည်။

"အဘိုးကြီးက နင့်ရဲ့အခန်းထဲ ဝင်သွားတာကို ငါ့မျက်စိနဲ့ကိုမြင်ခဲ့တယ်၊ ငါ ဗီဒီယိုတောင် ရိုက်ထားတယ်"

 
သူမ၏ တံခါးကို ပထမဆုံးအကြိမ် လာခေါက်သောသူက ဦးလေးကြီးတစ်ယောက် ဖြစ်သည်ကို လင်ချင်းချင်း သတိရသွားသည်။

လင်ချင်းချင်း ကခြစ်ထားတဲ့ လက်သည်းမှုန့်တွေကို မှုတ်ထုတ်လိုက်ပြီး ဖြည်းညှင်းစွာပြောလိုက်တယ်။ "အဲ့တော့ ဘာဖြစ်လဲ၊ အဘိုးကြီးနဲ့ အိပ်တာက ငါ့ရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာပဲ၊ လိမ်လည်လှည့်ဖြားပြီး ဆရာကို လာဘ်ထိုးတာက ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စမဟုတ်ဘူး၊ တရားရေးကိစ္စဖြစ်သွားနိုင်သလို နင့်ရဲ့အဆိုးဆုံးအကျိုးဆက်ကတော့ ကျောင်းကထွက်ဖို့ အလုပ်ခံရမှာပဲ။ နင်ထောင်ထဲမှာအဆုံးသတ်ရမှာကိုတော့ ငါစိုးရိမ်မိသား။ အစောကလေးတင် ထူးချွန်တဲ့ကျောင်းသူအဖြစ် စင်ပေါ်မှာရပ်ပြီး မိန့်ခွန်းပြောရပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျောင်းကထွက်ဖို့ စည်းရုံးခံရတော့တယ်။ တွေးကြည့်ရတာတောင် တကယ်ကို သနားစရာကောင်းနေပြီ။"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now