Chapter - 49.1 [Uni+Zawgyi]

1.3K 146 2
                                    

Chapter - 49.1

နှစ်များကြာပြီးနောက် လင်ချင်းချင်း သည်လည်း တကယ့်အလုပ်လုပ်သည့်ပုံစံ ဖြစ်လာခဲ့သည်။ ယခု မိုချင်းယန် က ယခုမှ သီချင်းတစ်ပုဒ်ထွက်ထားပါတယ်။ ချီချီက သူမအတွက် အယ်လ်ဘမ်တစ်ခု ဖန်တီးချင်ခဲ့သည်။ အယ်လ်ဘမ်သီချင်းများသည် ယခုနှစ် ပထမနှစ်ဝက်တွင် ထွက်ရှိရန် လိုအပ်သည်။ အခုတော့ ခေါင်းစဉ်ဖြင့်သီချင်းတစ်ပုဒ်သာ ရှိပါသေးတယ်။ လင်ချင်းချင်းသည် နောက်ထပ်သီချင်းအချို့ထွက်ရှိရန် အချိန်ပိုဆင်းရဖို့လိုဆဲဖြစ်သည်။

ချီချီ သည် မိုချင်းယန် ၏အယ်လ်ဘမ်ကို တတ်နိုင်သမျှအမြန်ဆုံးပြုလုပ်လိုသောကြောင့် ချင်းချင်း Studio မှလူများအားလုံးသည် ဒီရက်တွေမှာ အချိန်ပိုအလုပ်လုပ် နေကြရသည်။ လင်ချင်းချင်းမှာလည်း ညစာစားတဲ့ပြီးအချိန် နေ့တိုင်းပင် အလုပ်ရုံသို့ သွားခဲ့ရသည်။ သီချင်းတစ်ပုဒ်ထွက်ဖို့က တကယ်ကို ဦးနှောက်စားပါတယ်။ လင်ချင်းချင်းမှာ သူမ ထိပ်ပြောင်သွားသလိုပင် ခံစားလိုက်ရသည်။

အဲဒီညက သူမ သီချင်းရေးနေတဲ့အချိန်မှာ ရီဇေယျာက တံခါးလာခေါက်ပြီး လာမေးခဲ့တယ်။ "မင်းဗိုက်ဆာနေလား? တစ်ခုခုရောစားချင်လား?"

"မစားတော့ဘူး ကျွန်မနောက်မှပဲစားလိုက်မယ်" လင်ချင်းချင်းက ခေါင်းတောင်ထောင်မကြည့်ပေ။

တံခါးမှာ လှုပ်ရှားမှုမရှိတော့ပေ။ လင်ချင်းချင်း သည် ရီဇီယန် သွားပြီဟု ထင်လိုက်သော်လည်း သူကလက်ထဲတွင် စာအုပ်တစ်အုပ်ကိုင်ကာ ဝင်လာခဲ့သည်။ သူမ၏အလုပ်ရုံတွင် ခါးလျောကာထိုင်ရသောကုလားထိုင်တစ်လုံးရှိသည်။ သူကဝင်လာပြီး ထိုကုလားထိုင်ဆီသွားကာ စာအုပ်ထိုင်ဖတ်နေလေတယ်။

လင်ချင်းချင်း "..."

သူက ပိုးသားကဲ့သို့နူးညံ့ချောမွေ့တဲ့ ၀တ်စုံကို ၀တ်ဆင်ထားသည်။ သူထိုင်ခုံစီကို သွားတဲ့အခါ အဝတ်သည်သူ့ပုခုံးထက်မှ ချော်ကျသွားပြီး ရင်ဘတ်မှာ အနည်းငယ် ပွင့်သွားခဲ့တယ်။ သူ၏ရှည်လျားသောခြေထောက်များသည် သန်မာကြံ့ခိုင်သည့် ခြေသလုံးများကိုပြသပြီး ထိုအမှီနှင့်ခုံပေါ်တွင် အနည်းငယ်ကွေးကာတင်လို့ထားသည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now