Chapter - 51.3 [Uni+Zawgyi]

1K 118 1
                                    

Chapter - 51.3 {Extra 2}

လင်ချင်းချင်းမှာ သူမအစ်မနှင့် ဝူကျီတို့ တွဲသွားကြသည်ကို ပျော်ရွှင်နေခဲ့သည်။ နောက်ဆုံးတွင်တော့ သူမအစ်မဖြစ်သူသည် သူမချစ်ရသူကို ရှာတွေ့ခဲ့ပြီဖြစ်ပြီး သူမတစ်ယောက်တည်း အထီးကျန်နေတော့မှာမဟုတ်တော့ပေ။

လင်ချင်းချင်းမှာ သူ့အစ်မ၏ အချစ်ရေးအကြောင်း အတင်းအဖျင်းပြောရန် စားသောက်ဆိုင်သို့ တမင်အချိန်ပေးကာ သွားခဲ့သည်။ လင်ကျန်းကျန်းက လက်အိတ်တစ်စုံထိုးထားသည်ကို မြင်လိုက်ရတော့ နွေရာသီတွင် လက်အိတ်ထထိုးနေသည့်အတွက် လင်ချင်းချင်း အံ့သြသွားခဲ့သည်။ မေးလိုက်တော့မှသာ ဝူကျီ အတွက် ထိုးထားတာဖြစ်ကြောင်း သူမသိခဲ့ရသည်။

"နင်နဲ့ ဝူကျီက ဘယ်အဆင့်ထိ တက်ပြီးကြပြီလဲ။"  လင်ချင်းချင်း ဖရဲစေ့များ ခွာစားရင်း လင်ကျန်းကျန်း အားမျက်ခုံးပင့်ပြလိုက်သည်။

“လက် ကိုင်ရုံပဲ။” လင်ကျန်းကျန်း ရှက်သွေးဖြာသွားခဲ့သည်။

"ငါ့ကို လာမလိမ်နဲ့ ငါမယုံဘူး။"

"နင်ယုံချင်ယုံ မယုံချင်နေ ငါ ဂရုမစိုက်ပေါင်။" လင်ကျန်းကျန်း သူမကို မျက်လုံးပြူးပြလိုက်တယ်။

တကယ်တော့ သူမ ချင်းချင်း ကို မလိမ်ညာခဲ့ပါဘူး၊ သူမနဲ့ ဝူကျီ တို့ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ သူမတို့ရဲ့ဆက်ဆံရေးကို အတည်ပြုခဲ့တာဖြစ်ပြီး  သူမဟာ အဲဒီနေ့မှာ သူနဲ့ အတူကြိုးစားကြည့်ကြဖို့ သဘောတူခဲ့ပြီး နှစ်ဦးစလုံး လက်ကိုင်ခဲ့ကြကာ ခဏတာ ပွေ့ဖက်ခဲ့ကြတာပါ။

ထိုအချိန်တွင်ပဲ လင်ချင်းချင်း၏ ဖုန်းမြည်လာခဲ့သည်၊ ခေါ်ဆိုသူ ID မှာ ယန်နန် ကိုတွေ့လိုက်ရသည်၊ လင်ချင်းချင်း ကောက်ကိုင်လိုက်ပြီး Ran Nan မှ သူမအား စကားအနည်းငယ်ပြောကာ ဖုန်းချသွားခဲ့သည်။ သူမလင်ကျန်းကျန်းအားပြောလိုက်သည်။ "ငါ့မှာ လုပ်စရာလေးတစ်ခုရှိသေးတယ်၊ ဒါကြောင့် အရင်ပြန်လိုက်ဦးမယ်နော်။ နင့်မှာလည်း အိမ်လေးရှိလာလို့ ငါစိတ်သက်သာရာရသွားပါပြီ။ နင်အရာရှိ ဝူကျီ အဆင်ပြေပြေနေသင့်တယ်ဟုတ်ပြီလား? "

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now