Chapter - 32.2 [Uni+Zawgyi]

2.5K 314 4
                                    

Chapter - 32.2

"မင်းဘာဖြစ်လို့မေးတာလဲ?"

"တခါတရံမှာ ရှင်ကကျွန်မဆီ မချဉ်းကပ်ချင်ဘူးလို့ ကျွန်မထင်ခဲ့တယ်။ ရှင့်ကို ချဉ်းကပ်ပြီး ဖြားယောင်းသွေးဆောင်ဖို့ အခွင့်အလမ်းတွေ ကျွန်မရှာခဲ့တယ်၊ ဒါပေမယ့် ရှင်ကအမြဲတမ်း တည်ငြိမ်နေတယ်လေ၊ ဒါကြောင့် ကျွန်မက ဆွဲဆောင်မှုရှိတယ်လို့ မထင်တော့တာ။"

သူမဘာပေါက်တက်ကရတွေလာပြောနေတာလဲဟ သူမကဆွဲဆောင်မှုမရှိဘူးလို့ သူမဘယ်လိုလုပ်ပြီးခံစားသွားရတာလဲ?

သူမက အခုတင်ငိုထားတာဖြစ်ပြီး သူမကသူ့အား မျက်ရည်များဖြင့်မော့ကြည့်သည်။ ရီဇီယန်ကတော့ သိပ်ကိုရှင်းပါတယ် သူသူမအားသွားမကြည့်ရဲပေ သူ့နားထင်ကကြွက်သားတွေ လှုပ်ရှားသွားပြီး သူ့ကိုယ်သူထိန်းချုပ်ထားရကာ သူမအားစကားပြောဖို့ အချိန်အနည်းငယ်ယူလိုက်ရသည်။ " မင်းကသိပ်ကိုဆွဲဆောင်မှုရှိပါတယ် ကိုယ်မင်းအကြောင်းတွေပဲ အရူးအမူးတွေးနေမိပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတာ မင်းဘာမှမသိပါဘူး။ မင်းမှတ်​ဉာဏ်​‌တွေ​မပျောက်​ခင်​က မင်းကိုယ့်ကိုလုံးဝမနှစ်သက်ခဲ့ဘူးလေ အဲ့ဒါကြောင့်ကိုယ်ဘာကိုမှမလုပ်​ရဲခဲ့ဘူး​။ ကြောက်​တယ်​။ တစ်နေ့မှာ မင်းဒီအကြောင်းတွေကိုပြန်တွေးမိတဲ့အခါ ကိုယ်ကတခြားသူရဲ့ဒုက္ခကို အခွင့်ကောင်းယူနေတယ်လို့ မင်းထင်သွားလိမ့်မှာကို ကိုယ်ကြောက်နေခဲ့တာ။ အဲ့ဒါကြောင့် ကိုယ်ကမင်းနဲ့နီးနီးကပ်ကပ်နေရမှာကို စိုးရိမ်နေမိတာပါ။ "

တစ်နေ့တွင် သူဆိုသည့် ရီဇီယန်တွင် တလွဲတွေ ဖြစ်လာလိမ့်မည်ဟု သူသည်လည်း မမျှော်လင့်ထားလောက်ပေ သူ့ရဲ့သတိထားနေမှုက သူသည် တည်ငြိမ်သူတစ်ဦးဖြစ်ကြောင်း သူမအား နားလည်မှုလွဲသွားစေသည်။

သူက တည်ငြိမ်လေးနက်သောသူမဟုတ်၊ သူက သားရဲတစ်ကောင်သာဖြစ်ပြီး သူမအကြောင်းကို နေ့တိုင်း အရူးအမူးတွေးနေမိတာဖြစ်သည်။

တစ်ကြိမ်လောက် သူမဆီက ဆွဲဆောင်ခံလိုက်ရတာနဲ့ သူ လုံးဝကို စိတ်လွတ်ထွက်သွားတော့‌တာလေ။

သူ့စကားတွေကိုနားထောင်ရင်း လင်းချင်းချင်း သောကရောက်နေခဲ့သော်လည်း သူမကို သူက ရူးသွပ်စွာတွေးနေမိတယ်လို့ ပြောတာကြောင့် သူမပျော်သွားခဲ့သည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now