Chapter - 16.2 [Zawgyi]

2.2K 108 2
                                    

သူမအရင်ဆုံး အနည်းငယ် ဆွံ့အသွားပေမယ့် ထို့နောက်တွင်တော့ ခပ်တည်တည်ဖြင့် ပုခုံးတွေကိုတွန့်လိုက်ပြီး ထွက်ခွာဖို့ပြင်လိုက်သည်။ သူမ နောက်လှည့်လိုက်တော့ လုဝမ်ချန်း ဟာ မနီးမဝေးမှာ ရပ်နေတာကို သူမတွေ့လိုက်ရတယ်။ လုဝမ်ချန်း သည်လည်း သန့်စင်ခန်းကို သွားမလို့ဆိုတာကို သူမသိလိုက်ပါသည်။

သူမရဲ့အမူအရာမှာ လှောင်ပြောင်နေသည့်ပုံပေါ်ပြီး သူမက ဖြည်းညှင်းစွာ လျှောက်လာကာ သူမရဲ့လက်တွေကို ခေါက်တင်လိုက်သည်။ “ဒီလောကက လူတွေက လေနဲ့ပဲ ရွက်လွှင့်ကြတာ။ နင်သိမှာမဟုတ်ပေမယ့် ငါ့အဖေက ဒီမှာမိသားစုခေါင်းဆောင်ဖြစ်ခဲ့တုန်းကလည်း ဒီလူတွေက ငါ့အပေါ် အရမ်းတွေကိုကောင်းခဲ့ကြတာ ငါ့အဖေလည်း ဆုံးပါးသွားပြီး ရီဇီယန်က မိသားစုခေါင်းဆောင်ဖြစ်လာတော့ နင့်ဘက်ကိုချက်ချင်းလှည့်သွားကြပြီး အလိုလိုက်အကြိုက်ဆောင်ကြတယ်။ ဒါပေမယ့် သိပ်ပျော်မနေပါနဲ့၊ ဒါတွေကခန့်မှန်းလို့ရတဲ့ အရာတွေမှမဟုတ်ပဲ။ ခုချိန်မှာ နင်ကတန်ဖို့းထားခံရဆုံးဖြစ်နေတာမို့ ဖားယားနေကြတာ ဒါပေမယ့် ဒီအိမ်ကြီးရဲ့ ပိုင်ရှင်က ဘယ်တော့ပြောင်းမလဲနင်မှမပြောနိုင်ဘဲ။ "

ယခု သူမက မီးဖိုချောင်တံခါးဝသို့ ရောက်သွားခဲ့ပါပြီ။ သူမက မီးဖိုချောင်က လူတွေကို ကြည့်ကာအော်ဟစ်မာန်မဲလိုက်သည်။ " ငွေအကျိုးမျှော်ကိုပြီး လုပ်တယ်ဆိုတာဘယ်အရာမှမကောင်းဘူး! ဒါနဲ့ ပတ်သက်တာတွေ ပြောကြတာကလည်း ပိုတောင် ဆိုးသေးတယ်။ နင်တို့ အတင်းအဖျင်းတွေထပ်ပြောတာ ကြားရင်၊ ငါနင်တို့ကို ထုပ်ပိုးပြီး ဒီကနေ မောင်းထုတ်ပစ်မယ်၊ ငါက ဒီမိသားစုရဲ့ မိသားစုဝင်ဖြစ်နေသေးပြီး လူတွေကို မောင်းထုတ်နိုင်တဲ့အာဏာ ရှိသေးတယ်နော်!"

လုဝမ်ချင်း ၏စကားများက ကြက်သီးထဖွယ်ကောင်းစွာဖြင့် နားထဲဝင်လာခဲ့ပြီး လေထုမှာတော့ ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။

သူမက နောက်သို့ပြန်လှည့်ကာ လင်းချင်းချင်းအား သူမအား သက်သေပြနေသကဲ့သို့ လှောင်ပြောင်သွားခဲ့သည်။

သို့သော်လည်း လင်ချင်းချင်း က လျစ်လျူရှုကာပြောလိုက်သည်။ "ငါ့ရှေ့မှာ နင်ဒါတွေလာပြောဖို့လည်းမလိုပါဘူး ငါမှဂရုမစိုက်တာ။ ငါ့ကိုမြှောက်ပင့်တာတွေမှာလည်း မပျော်ရွှင်သလို လူတွေက ငါ့ကိုသိပ်ကြီးကြီးကျယ်ကျယ်တွေးကြလား မတွေးလားဆိုတာကိုလည်း ဂရုမစိုက်ဘူး။ "

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now