Chapter - 33.3 [Uni+Zawgyi]

2.2K 248 3
                                    

Chapter - 33.3

သူက ပေါ့ပေါ့ပါးပါးနဲ့ နောက်ပြောင်တဲ့ပုံနဲ့ မေးလိုက်တဲ့ပုံပေါ်ပါသည်။ သို့သော်လည်း ဘောင်းဘီအိတ်ထဲရှိ သူ့လက်များကတော့ ပိုမိုတင်းကျပ်သွားခဲ့သည်။

"တကယ်တော့ ကိုယ်က အရမ်းကြီးကောင်းမွန်တဲ့သူမဟုတ်ဘူး မျက်နှာနှစ်ဖက်နဲ့လူမျိုးလေ ဒီလိုမျိုး ခင်ပွန်းရှိရတာ အရမ်းစိတ်ပျက်ဖို့ကောင်းတယ်မလား? "

 
နောက်ပြောင်သည့်လေသံမျိုးဖြစ်နေဆဲဖြစ်ပြီး သူ့မျက်နှာကလည်း ပြုံးနေဆဲဖြစ်ပါသော်လည်း လင်းချင်းချင်း သည် သူ့လေသံတွင် တောင့်တင်းနေမှုတစ်မျိုးကို ခံစားလိုက်ရကာ သူမ သူ့ဘောင်းဘီအိတ်ကပ်ကို တစ်ချက်ကြည့်လိုက်သည့်အခါ ဘောင်းဘီအိတ်ကပ်အတွင်းမှ ပုံမှန်မဟုတ်တဲ့ လိုင်းတစ်ချို့ဖြစ်ကာဖောင်းနေသည်ကို တွေ့လိုက်ရသည်။

သူမ မသိစိတ်က သူမလက်ကို ဆန့်ထုတ်လိုက်မိပြီး သူ့ရဲ့တင်းကျပ်စွာဆုပ်လို့ထားတဲ့ လက်သီးဆုပ်ကို ထိကိုင်လိုက်တဲ့အခါ သူကတုန်ရီလို့သွားခဲ့တယ်။ ရုတ်တရက် သူမသူ့လက်ကို လာဆုပ်ကိုင်မိလိမ့်မယ်လို့ သူ မမျှော်လင့်ထားဘူး။ သူ့လက်ကို အလိုလျောက် ရုတ်သိမ်းလိုက်ချင်ခံနီးဖြစ်သွားသော်လည်း ခဏတာတောင့်တင်းသွားပြီးနောက်မှာတော့ စိတ်သက်သာရာရသွားခဲ့သည်။

 
လင်းချင်းချင်း သူ့ကို မော့ကြည့်လိုက်ပေမယ့် သူ့မျက်နှာဟာ သိပ်ပြီး မပြောင်းလဲခဲ့ဘဲ သူကသူအဖြေကို စောင့်ရင်း နူးနူးညံ့ညံ့ ပြုံးနေဆဲဖြစ်သည်။

သူ့အပေါ် သူမစိတ်ပျက်သွားမှာကို သူကြောက်နေတာလား? ငြိမ်သက်နေပုံပေါ်သော်လည်း သူမအဖြေအတွက် သူကစိုးရွံ့နေခဲ့သည်။

 
အမှန်တိုင်းပြောရရင် ရီဇီယန်ရဲ့ဒီလိုပုံစံကို အခုမှတွေ့ဖူးရတော့ တကယ်ကို အံ့သြပြီး လန့်‌တောင်သွားခဲ့ရပေမယ့် သူမရှေ့မှာ သူပေါ်လာတဲ့အခိုက်အတန့်နဲ့ သူနဲ့မျက်နှာချင်းဆိုင်ရတဲ့အခါမှာတော့ သူက သူမရဲ့ ရီဇီယန်ဖြစ်သည်ကိုသူမခံစားရပြီး သူမသူ့ကို ချစ်ပါသည်။

လင်းချင်းချင်းက သူ့လက်ကို ဘောင်းဘီအိတ်ကပ်ထဲက ဆွဲထုတ်လိုက်ပြီး သူမလက်ထဲ ကိုင်ထားရင်း သူ့ကို ပြုံးပြကာပြောလိုက်သည်။ “ မဟုတ်ပါဘူး၊ စီးပွားရေးဈေးကွက်ဆိုတာ စစ်မြေပြင်လိုပါပဲ၊ ဒီလို ရှုပ်ထွေးတဲ့ နေရာမျိုးမှာ ရွှံ့နွံထဲက ဘယ်သူကများ ရုန်းထွက်နိုင်ပါ့မလဲ။ အဲ့ဒါအပြင်ကို ဒီလောကကြီးမှာ လုံးဝ ကောင်းမွန်တဲ့လူဆိုတာ မရှိပါဘူး။ ကျွန်မအမြင်အရတော့ မစ်စတာရီက ခင်ပွန်းကောင်းတစ်ယောက် ဖခင်ကောင်းတစ်ယောက်ပါ။ ချန်းယင်ရဲ့အစ်ကိုက ရှင့်အမှားကြောင့် ဆုံးပါးသွားခဲ့ရပြီး ရှင်ကသူ့မိသားစုကို အမြဲတမ်း ကောင်းကောင်း စောင့်ရှောက်ခဲ့ပါတယ်။ ဒါကိုကြည့်ရင် ရှင်က ရိုးသားပြီး တာဝန်သိတတ်တဲ့လူဆိုတာလည်း ကျွန်မမြင်နိုင်ပါတယ်။ ဒါကြောင့် လူသတ်မှု၊ မီးရှို့မှုလိုမျိုး တရားမ၀င်အလုပ်တွေ မလုပ်သ၍ ရှင်က ကျွန်မမျက်စိထဲမှာ လူကောင်းတစ်ယောက်ပါပဲ။”

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now