Chapter - 27.1 [Uni+Zawgyi]

3.5K 461 7
                                    

ရီဇီယန်၏ စကားများကြောင့် လျန်ရှင်း မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ လင်ချင်းချင်းက ရီဇီယန် နှင့် အမှန်တကယ်ပင် လက်ထပ်ခဲ့သည်။ သူမမှာ ဘာအရည်အချင်းတွေများရှိလို့လဲ။ အသံလည်းမကောင်းတော့ဘူး အပြစ်ကင်းစင်မှုဆိုတာကလည်း ဖျက်ဆီးခံလိုက်ရပြီးပြီ။ ဘာကြောင့် ရီဇီယန်က သူမကို လက်ထပ်ခဲ့ရတာလဲ။

ကျန်းရုယန် သည်လည်း မယုံကြည်နိုင်သော မျက်နှာထားဖြစ်လို့နေပြီး သူမရဲ့သတင်းမှာ တစ်စုံတစ်ရာ မှားယွင်းနေခဲ့ပုံရသည်။ သို့သော် သူမက ပညာရှိတစ်ယောက်ဖြစ်တာကြောင့် ယခုအချိန်မှာ သူမ ထိုရွှံ့ရေထဲတွင် မပါဝင်သင့်သည်ကို သိလေသည်။ ဒါ့ကြောင့်အခြားသူများ ရှော့ရနေကြချိန်မှာ သူမကအသာလစ်ထွက်လာခဲ့သည်။

လင်းဖန် နှင့် လျန်ဖေးဖေး တို့သည်လည်း ထိုသတင်းကြောင့် သိသိသာသာ ရှော့ရသွားကြသည်။

ရီဇီယန် က လင်းဖန် ကိုကြည့်ပြီး ခံစားချက်မဲ့စွာဖြင့်‌ ပြောလိုက်သည်။ "မစ္စတာလင်း၊ ကျွန်တော်က ခင်ဗျားကို ချင်းချင်း ရဲ့အဖေအဖြစ် လေးစားသမူနဲ့ ခေါ်ဝေါ်ခဲ့တယ်၊ ဒါပေမယ့် ခင်ဗျားက သူမကို လူမြင်ကွင်းမှာရော လူမမြင်ကွယ်ရာမှာပါ ဘက်လိုက်ပြီး နာကျင်စေခဲ့တော့ သူမက ခင်ဗျားနဲ့သားအဖ ဆက်ဆံရေးကိုဖြတ်ခဲ့တယ်လေ။ သူက ကျွန်တော့်ကိုလက်ထပ်ခဲ့တာကြောင့် သူမတစ်ခုခုမှားယွင်းပြောပိုင်ခွင့်ရှိသူက ကျွန်တော်ပဲဖြစ်သင့်တာပါ။"

လင်းဖန်က အသက်ကြီးသူဖြစ်သော်လည်း ရီဇေယျာန်၏ အရှိန်အဟုန်ကြောင့် လုံးဝကို ပြန်မပြောရဲပေ။ သူ့ရှေ့မှာ ရပ်နေတဲ့လူက ဂျူနီယာ အငယ်လေးမဟုတ်သလို သူ့သားမက်လည်းမဟုတ်တော့ဘူးဆိုတာ လင်းဖန် ကောင်းကောင်းသိသည်။ သူက ပိုင်ဆိုင်မှု ပိုများသည်၊ အဆက်အသွယ်လည်းပိုများပြီး သူ့ထက်လည်း အားအင်ပိုရှိ သူသာဖြစ်သည်။ သူက စျေးကွက်တွင်လည်း အများအပြားလုပ်ခဲ့ဖူးတာဖြစ်လို့ ယခုအချိန်၌ သူဟာ ရယ်မောနေခဲ့သည်။ " မစ္စတာရီ ပြောတဲ့ ကန့်သတ်ချက်တွေကို ကျွန်တော်မသိခဲ့ဘူး အရင်ကကိစ္စကလည်း နားလည်မှုလွဲသွားခဲ့တာပါ။ ချင်းချင်းက မင်းနဲ့လက်ထပ်ထားတာကို ငါမသိခဲ့ဘူး၊ ငါပြောတာက သူ့အတွက်ပါပဲ သူအမှားလုပ်မိမှာစိုးရိမ်လို့လေ။"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now