Chapter - 11.1 [Uni]

5.1K 653 12
                                    

- သူမတကယ်ငါ့ကိုရယ်‌ပြတယ်? ကြောက်စရာကောင်းလိုက်တာ!

ရီဇီယန်နဲ့အတူတူအိပ်ရမယ်?

ငါ့ကိုလာနောက်နေတာလား!!

လင်ချင်းချင်းအချိန်အတော်ကြာအောင်ပြန်မဖြေနိုင်ခဲ့ပေ။ သူမရှက်လွန်းလို့တွေးတောင်မတွေးရဲတော့ဘူး။

ရီဇီယန်ကသူမရဲ့အကျပ်အတည်းကိုသတိပြုမိခဲ့သလားမသိသော်လည်းနောက်ဆုံးတွင်တော့သူကနှုတ်ဖွင့်ကာသတိပေးလိုက်ရတော့သည်။  " ရှောင်ယွမ်‌ အဖေပြောခဲ့တယ်နော် မင်းမေမေကိုမခြောက်နဲ့လို့လေ။ "

ကလေးလေးကသက်ပြင်း‌လေးချ‌ပြီးခေါင်းလေးငုံ့ကာ " ဟုတ်ကဲ့ပါ။ သားသိပါပြီ" ဟုလေသံတိုးတိုးဖြင့်ပြန်လည်ပြောခဲ့သည်။

သူ့ရဲ့ပျောက်ဆုံးသွားတဲ့ပုံသဏ္ဌာန်လေးဟာတကယ့်ကိုသနားစရာကောင်းပေမယ့်လို့လင်ချင်းချင်းကထိုကိစ္စအားတွေးတောင်မတွေးကြည့်ရဲတာကြောင့်သူ့အားဘယ်လိုနှစ်သိမ့်ရမလဲမသိဖြစ်နေခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ကလေးလေးရဲ့စိတ်အခြေအနေကလျင်မြန်စွာပြောင်းလဲခဲ့ပြီးသူကမကြာခင်မှာပင်သူမနှင့်ကစားရသည်ကိုပျော်ရွှင်လို့သွားခဲ့သည်။

ထိုအကြောင်းအရာပြီးဆုံးသွားသော်လည်းလင်ချင်းချင်းတစ်ယောက်သူ့ပတ်ဝန်းကျင်ရှိလေထုမှာအလွန်ပြောင်းလဲလို့သွားပုံရပြီးအနည်းငယ်သိမ်မွေ့ကာသိပ်မရှင်းမရှင်းဖြစ်နေကြောင်းဆက်တိုက်ခံစားမိနေတော့သည်။

ကလေးလေးရဲ့ဇီဝနာရီမှာအလွန်တိကျပြီးသူကအိပ်ရာဝင်ချိန်ရောက်သည်နှင့်ငိုက်မြည်းလာခဲ့သည်။ လင်ချင်းချင်းကသူ့အားအိပ်ရာသို့ခေါ်သွားခဲ့ပေမယ့်သူ့အခန်းနားသို့ရောက်တော့သူကရပ်တန့်လို့သွားခဲ့တယ်။ သူကအိပ်ချင်မူးတူးဖြစ်နေသော်လည်းသူမကိုဂရုတစိုက်လေးဖြင့်မေးခဲ့ပါတယ်။ "မေမေနဲ့ အိပ်လို့ရလား"

သူ့ရဲ့တောက်ပနေသည့်မျက်လုံးလေးများကမျှော်လင့်ချက်များဖြင့်ပြည့်နှက်လို့နေခဲ့သည်။ လင်ချင်းချင်းခဏတာကြောင်အလို့သွားခဲ့သည်။ သူမသူ့ကိုဘယ်လိုစိတ်မျိုးနဲ့များငြင်းဆန်နိုင်ပါ့မလဲ? ဒါ့ကြောင့်သူမကအများကြီးမစဉ်းစားမနေပါပဲပြောလိုက်တယ်။ " ရတာပေါ့။ "

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now