Chapter - 8 [Uni]

5.3K 749 35
                                    

- သူတို့ကတကယ်ကြီးကိုသူမရဲ့ခင်ပွန်းနဲ့ကလေးတဲ့

သူမကသူ့ရဲ့ငြင်းဆိုမှုကိုမျှော်လင့်ထားပြီး၊ သူကအံ့ဩသွားမှုအချို့ကိုပြမယ် ဒါမှမဟုတ် သူမကဤကဲ့သို့ရယ်စရာကောင်းတဲ့မေးခွန်းကိုဘာကြောင့်မေးရတာလဲလို့မေးလိမ့်မယ်လို့လေ။ သို့သော်လည်းဒါတွေတစ်ခုမှမဖြစ်ခဲ့ပါဘူး။  အဆုံးမှာတော့ သူ့အဖြေကရိုးရှင်းကာတည့်တိုးဆန်လှတယ်။

သူမကတကယ်ပဲသူ့မိန်းမ။  သူမနှင့်မရင်းနှီးသေးတဲ့အမျိုးသားမှာသူမရဲ့ခင်ပွန်းဖြစ်ပြီး၊ သူမနှင့်လည်း ကလေးတစ်ယောက်ရှိတယ်။

"မင်း... မင်းဘာမှတ်မိသေးလဲ"  သူကအနည်းငယ် လေးနက်နေပုံရပြီးလေသံကလည်းတင်းမာနေပုံရသည်။

ဒီလိုစိတ်ဆိုးတဲ့အမူအရာမျိုးကသူ့လိုလူအပေါ်မပေါ်သင့်ဘူး။  သူကအနှောက်အယှက်အားလုံးကိုလွယ်လွယ်ကူကူကိုင်တွယ်ဖြေရှင်းနိုင်သူဖြစ်ပြီးတည်ငြိမ်အေးချမ်းတဲ့စိတ်ဓာတ်ရှိသူဖြစ်သည်။  သို့သော်လည်းထူးထူးခြားခြား၊ သူကသူမရဲ့အစ်မကဲ့သို့ပင်သူမမှတ်မိမည်ကိုကြောက်နေသည်။

လင်ချင်းချင်းကမျက်လုံးမှိတ်ပြီးခေါင်းခါလိုက်သည်။  "ဒါကအပိုင်းအစတစ်ခုပါပဲ၊ ကျွန်မကအရက်သောက်ပြီးအခန်းထဲမှာထိုင်နေတယ်။ ကျွန်မလက်ထဲမှာစီးကရက်တစ်လိပ်ရှိတယ်၊ ရှောင်ယွမ်ကပြေးဝင်လာပြီးသူ့ကိုတွန်းဖယ်ဖို့ကြိုးစားပေမယ့်စီးကရက်ကသူ့လက်မောင်းကိုမီးလောင်သွားခဲ့တယ်။ ကျွန်မကသူကျွန်မကိုမေမေလို့ခေါ်လိုက်တာကြားလိုက်ရတယ်  .. ဒီတစ်ပိုင်းလောက်ပါပဲ။ "

သူကစကားပြန်မလာတော့ပေ။ တစ်ကားလုံးတိတ်ဆိတ်မှုအောက်ရောက်သွားခဲ့သည်။

"ကျွန်မကရှောင်ယွမ့်အမေဆိုရင်ရှောင်ယွမ်ကဘာဖြစ်လို့ကျွန်မကိုမသိချင်ယောင်ဆောင်နေရတာလဲ? "  သူမကသူ့ကိုပါမော့ကြည့်ပြီးထပ်ပေါင်းပြောလိုက်တယ်။ "မစ္စတာရီကရောဘာလို့ကျွန်မကိုမသိဟန်ဆောင်နေတာလဲ?"

သူကအပြုံးတုတစ်ခုဖြင့်ပြုံးလိုက်တယ်။ အရမ်းကိုအတုဆန်တာကြောင့်သူပြုံးနေတယ်ဆိုတာမသိနိုင်လောက်တဲ့အထိပါပဲ  "ဒါကမလိုအပ်လို့ပါ။"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now