Chapter - 19.3 [Uni]

4K 603 10
                                    

ယန်နန်ကလည်း " အကုန်လုံးက တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးပြီးသားမို့ ရဲခေါ်ပြီး အချိန်တွေကြန့်ကြာ‌ရမယ့်အထိတော့ ပြင်းထန်ဖို့မလိုပါဘူး။
လျန်ရှင်းက များသောအားဖြင့်တော့ အနေအေးပါတယ်။မစ်လင်း သူမနဲ့ ငြင်းခုံမနေပါနဲ့တော့" အဲ့ဒီ့နောက်မှာ သူမကို လျန်ရှင်းကို အေးစက်စက်ကြည့်ပြီး ပြောလိုက်တယ် " နင်ဘာလို့ ခုထိ မတောင်းပန်သေးတာလဲ တစ်ယောက်ယောက်က ဟာသတခုလို ရဲကို ခေါ်လာတဲ့အထိ စောင့်ချင်နေသေးတာလား"

လျန်ရှင်းဟာ စကားတွေကြောင့် စိတ်ဆိုးသွားတယ်။
အခု သူမဟာ Bi Er ရေမွှေးရဲ့ ပြောရေးဆိုခွင့် ရှိတဲ့သူတစ်ယောက်ဖြစ်ပြီး နာမည်ကြီး ကြယ်ပွင့် တစ်ယောက်လည်း ဖြစ်တယ်။သူမ လင် ညီအစ်မ နှစ်ယောက်ကို တောင်းပန်စရာလိုလား။နောက်ဆုံးအကြိမ်က လင်ချင်းချင်းက သူမကို ကြမ်းတိုက်ခိုင်းခဲ့တာကို ပြန်တွေးခဲ့မိတယ်။သူမအတွက် ရှက်စရာအတွေ့အကြုံကြီးဖြစ်ပြီး အခုထိ သူမနဲ့ စာရင်းမရှင်းရသေးဘူး။

"နင် မတောင်းပန်ဘူး ဆိုရင် နင့်ကို နင့်အလုပ်ထဲမှာပဲ ထားခဲ့လိုက်မယ်။ရဲတွေရောက်လာပြီး ကိုင်တွယ်ကြမယ်ဆိုရင် နင့်ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ရာထူး ပုံရိပ်ကို သက်ရောက်မှုရှိစေလိမ့်မယ်။လျော်ကြေးငွေကိစ္စကိုလဲ မင်းကိုယ်တိုင်ပဲ စီမံနိုင်တယ်"

လျန်ရှင်း ရုတ်တရက် သူမဟာ Bi Er ရေမွှေးရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက် ဖြစ်တယ်ဆိုတာကိုတွေးမိသွားတယ်။သူမရဲ့ ပုံရိပ်ဟာ သစ်လွင်ပြီး သန့်ရှင်းနေရမယ်။တကယ်လို့ ဒီကိစ္စက ကြီးမားလာမယ်ဆိုရင် သူမအတွက်‌ ကောင်းမှာ မဟုတ်ဘူး။
လျန်ရှင်းက လင် ညီအစ်မကို စိုက်ကြည့်ပြီး စိတ်မကျေမနပ်ဖြစ်နေတယ်။သူမရဲ့ စိတ်ကို ပိုပြီး အဆင်မပြေဖြစ်စေတာက ယန်နန်က သူမသူဌေးရဲ့ ဇနီးဖြစ်ပေမယ့် တခြားသူတွေ ဘက်ကနေ ကူညီပေးနေတယ်။ဒါပေမယ့် ဒီအရှက်ရမှုကို သူမ သည်းခံနိုင်တယ်။အနာဂတ်က ရှည်လျားတယ် ဒီတစ်ကြိမ်မှာ သူမအတွက် အမြန် မလိုသေးဘူး။

သူမ ဒါကိုတွေးပြီး ဟန်ဆောင်ပြီး ဖော်ဖော်ရွေရွေပြုံးပြခဲ့ပေမယ့် သူမရဲ့ အသံက ကွာခြားပြီး ဆွဲဆောင်မှုမရှိဘူး။" တောင်းပန်ပါတယ် ဒီရက်ပိုင်း အအေးမိနေလို့ နှာခေါင်းတစ်ခုခု ဖြစ်နေတာနေမယ်"
လင်ကျန်းကျန်းဟာ သူမနဲ့ ငြင်းခုံရတာကို အတော်လေးပျင်းတယ်။အဆုံးမှာ သူမဟာ ယန်နန်ကို နှုတ်ဆက်ပြီး လင်ချင်းချင်းကို ခေါ်ပြီး ထွက်လာခဲ့တယ်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now