Chapter - 21.2 [Uni]

3.8K 548 10
                                    

ဒါပေမယ့် လင်ချင်းချင်းမှာလည်း သူမနဲ့ဆိုင်တဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေသေးတယ် " ဆောင်းရာသီအားလပ်ရက်ဟာ အရမ်းကောင်းလို့ အဆိုတော်တွေအများကြီး သီချင်းအသစ်တွေ ထွက်ကြလိမ့်မယ်။ငါတို့ ဒီအချိန်ကို ရွေးပြီး ထုတ်လွှင့်မယ်ဆိုရင် လူထုကြားမှာ ကျော်ကြားနိုင်ပါ့မလား"

ချီချီက သူမ လက်နှစ်ဖက်ကို ကိုင်ပြီး မျက်လုံးပြူးပြီးကြည့်လိုက်တယ် " ငါက အခြားသူတွေနဲ့ ယှဉ်ပြိုင်ရမှာကို ကြောက်နေမယ့်သူမျိုးလား"

ဟုတ်ပါတယ် သူမ ကြီးမြတ်တဲ့ နတ်ဘုရားမရဲ့ စကားတွေကို ကြားရတာ သေချာပေါက် ‌စိတ်ချလို့ရတယ်။သူမအကောင်းဆုံးလုပ်ဖို့ပဲ တာဝန်ရှိတယ်။
လင်ချင်းချင်းဟာ ရက်အတော်ကြာ ဂီတရမှတ်ပြီးဆုံးအောင် အသံလွှင့်ရုံ ဒါမှမဟုတ် အိမ်က အလုပ်ခန်းထဲမှာပဲ နေခဲ့တယ်။အဲ့ဒီ့ကာလ အတောအတွင်းမှာ ဂီတပလက်ဖောင်းတစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်မှု အကြောင်းကိုလည်း ပြောဆိုခဲ့ပြီး အရာရာအားလုံးက ချောချောမွေ့မွေ့ ပြီးဆုံးသွားတယ်။

တကယ်တော့ ဂီတရမှတ်နဲ့ သီချင်းစာသားတွေက အဆင်သင့်လုပ်ထားပြီးပြီ။သူမက အရောင်အနည်းငယ်တောက်အောင် ပဲ လုပ်ရမှာဖြစ်လို့ ရက်ပိုင်းအတွင်းမှာပဲ သူမအလုပ်က ပြီးဆုံးသွားတယ်။ကျန်တာတွေကိုတော့ ချီချီနဲ့ မိုချင်းယန်က တာဝန်ယူပါလိမ့်မယ်။

သူမမှာ ‌လုပ်စရာ ဘာမှမရှိတော့တာတောင် နေ့တိုင်း အသံလွှင့်ရုံကို အကူအညီရအောင် သွားနေသေးတယ်။ နောက်ဆုံးတော့ တစ်လခွဲအတွင်းမှာပဲ ပြီးဆုံးသွားတယ်။

သုံးကြိမ်လောက်နားထောင်ပြီးတဲ့နောက်မှာ သူတို့မှာ အမှားအယွင်းမရှိတာကို အတည်ပြုပြီးတော့ ချီချီက သက်ပြင်းတစ်ချက် ချလိုက်တယ် " ကောင်းပြီ မနက်ဖြန် သီချင်းတင်လို့ရပြီ"

လင်ချင်းချင်းက " မနက်ဖြန်ထိ စောင့်မနေပါနဲ့တော့ ။တကယ်လို့ ဘာပြသနာမှ မရှိတော့ဘူးဆိုရင် အခုချက်ချင်း တင်လိုက်တော့မယ်"

ချီချီက သူမကို သဘောကျစွာ ကြည့်လိုက်တယ် " တိတိကျကျ ပြတ်ပြတ်သားသားကို လုံလောက်ပြီ။ကောင်းပြီ အခုချက်ချင်းပဲ တင်လိုက်တော့"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now