Chapter - 45.2 [Uni+Zawgyi]

1.4K 171 1
                                    

Chapter - 45.2

ဆောင်းရာသီရဲ့ ချိုမြန်မှုက ဆေးရုံအနောက်ဘက် ခြံဝင်းထဲမှာ စိုက်ထားတဲ့ ပန်းပင်တွေကနေ ခံစားရသည်။ ပန်းတွေပွင့်‌လို့နေပြီး မွှေးကြိုင်တဲ့ရနံ့ကို ပေးစွမ်းသည်။ လင်ချင်းချင်းက ဆောင်းမွှေးပင်အောက်မှာ ရပ်နေပြီး သူမရဲ့ လက်ချောင်း‌တွေက အပွင့်တွေပွင့်နေတဲ့ ပန်းပွင့်‌တွေကို ညင်ညင်သာသာ ထိတွေ့လို့နေတယ်။

ဒီရက်တွေ တလျှောက်လုံး ရီဇီယန်က သူမကုတင်ဘေးမှာ ရှိနေခဲ့တယ်။ မနက်အစောကြီး သူ့ဖုန်းမြည်လာခဲ့လို့ ထွက်သွားခဲ့ပေမယ့် ပြန်လာတော့ ဆေးရုံကုတင်ပေါ်မှာ ဘယ်သူမှ မရှိတော့ပါဘူး။ သူမဘာလို့ အိပ်ယာထဲမှာ မရှိရတာလဲ? သူ့ခွင့်ပြုချက်မရှိဘဲ သူမကို ဘယ်သူမှ မရွှေ့ရဲဘူး။ ဒါဆို  သူမ သတိရလာပြီလား?

ရီဇီယန် စိတ်လှုပ်ရှားနေပေမယ့် ပိုလည်းစိတ်ပူနေတာကြောင့် တာဝန်ကျ သူနာပြုထံ သွားမေးခဲ့တယ်။  သူနာပြုဆရာမက မစ္စရီကဆေးရုံနောက်ဘက်က ပန်းခြံကို ထွက်သွားတယ်လို့ ပြောသဖြင့် ရီဇီယန်လည်း အဲဒီ့ကို အမြန်လိုက်သွားခဲ့တယ်။

အကွေ့အကောက်များတဲ့ စင်္ကြံကိုဖြတ်လျှောက်လာရင်း ခြံဝင်းထဲ သူမရပ်နေတာကို သူတွေ့လိုက်ရတယ်။ နောက်ဆုံးမှာတော့ ရီဇီယန်  စိတ်သက်သာရာ ရသွားတော့တယ်။

"အပြင်မှာ ရာသီဥတုက အရမ်းအေးနေတယ်၊ မင်းဘာလို့ အ၀တ်အစား အပါးလေးဝတ်ပြီး အပြင် ထွက်လာရတာလဲ။"

ဒီအသံကိုကြားတော့ လင်ချင်းချင်း နောက်ကို လှည့်ကြည့်လိုက်တယ်။ ထိုလူက သူမဆီကို ဖြည်းဖြည်းလေး လျှောက်လာပြီး သူ့မျက်ခုံးတွေက  စိုးရိမ်မှုတွေကြောင့် အနည်းငယ် မျက်မှောင်ကြုတ်လို့နေသည်။ လင်ချင်းချင်း သူ့ကို ကြည့်ပြီး အတိတ်က မြင်ကွင်းတွေ သူမစိတ်ထံမှာ ပြန်မြင်ယောင်လာခဲ့တယ်။

ဒီလူက သူမ အချစ်ဆုံးသူဖြစ်ပြီး သူမ အလုံးစုံပိုင်ဆိုင်သည့်သူပဲ ဖြစ်တယ်။

သူမ မှတ်ဥာဏ်မဆုံးရှုံးခင်မှာ သူ့ကြင်နာမှုကို လက်ခံပြီး သူနဲ့ အတူရှိချင်ပေမယ့် နှလုံးသားက ထင်သလောက် မလွယ်ကူခဲ့ဘူး။ သူ့အပေါ် ကျူးလွန်ခဲ့တဲ့ အရာတွေအားလုံးကို သူနားလည်‌ပေးပြီး တကယ် လက်ခံနိုင်ပါ့မလား။ သူမတို့နှစ်ယောက်  တကယ်ပဲ အတူတူရှိနေနိုင်ပါ့မလား။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now