Chapter - 32.1 [Uni+Zawgyi]

2.4K 310 9
                                    

Chapter 32.1

ရင်ဘတ်မှ ဗိုက်အထိ အမာရွတ်များစွာရှိလို့နေပြီး အချို့မှာ ဓားဒဏ်ရာနှင့် မီးလောင်ဒဏ်ရာများလည်းရှိသည်။ လမ်းတစ်လျှောက်တွင် သူမ သူ့ကို မမေးသော်လည်း ချန်းယင် ၏ စကားလုံးများက သူမ၏ စိတ်ထဲတွင် ထပ်ခါထပ်ခါ ပေါ်လာဆဲပင်။

အစ်ကိုဇီယန်ရဲ့ ခန္ဓာကိုယ်က ဒဏ်ရာဒဏ်ချက်တွေက နင့်ကြောင့်ရတာမဟုတ်တာ ဘယ်နှခုများရှိလို့လဲ?

လင်းချင်းချင်း သူ့ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေကို ကြည့်ပြီး "ဒါတွေ အကုန်ကျွန်မလုပ်ခဲ့တာလား" လို့ မေးရန် အချိန်အတော်ကြာယူခဲ့ရသည်။

ရီဇီယန်က ဘာမှမဖြစ်ခဲ့သလို ပြုံးပြီးပြောလိုက်တယ်။ "ချန်းယင်ပြောတာနားမထောင်ပါနဲ့ သူက ဘာမှသိတာမဟုတ်ဘူး၊ ကိုယ်စစ်တပ်ထဲဝင်ထားတာ မင်းလည်းသိပါတယ် စစ်တပ်ထဲက လေ့ကျင့်ရေးတွေကခက်တယ်လေ၊ ဒဏ်ရာဒဏ်ချက်တွေက အနည်းအများ ကျန်ခဲ့လိမ့်မှာပဲ၊ အဲ့ဒါကြောင့် ဒီကဒဏ်ရာအများစုက မင်းကြောင့်ဖြစ်ရတာမဟုတ်ဘူး။"

အများစုက သူမကြောင့်မဟုတ်ဘူးတဲ့ ဆိုလိုရင်းကတော့ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာအချို့ကလည်း သူမကြောင့်ဖြစ်ရတာပဲဖြစ်မည်။

"ဘာဖြစ်လို့လဲ၊ ဘာလို့ဒီလိုမျိုးဖြစ်ရတာလဲ"

 
သူမ သူ့အား နာကျင်စေခဲ့သည်ကို သူမ တကယ်ကို မယုံချင်ခဲ့ပေ။

ရီဇီယန်က သိပ်အလေးအနက်မထားဘဲ အင်္ကျီကြယ်သီးတွေကို ဖြည်းညှင်းစွာ ကြယ်သီးပြန်တပ်လိုက်သလို သူမအားရိုးရှင်းတဲ့အချက်ကိုအတည်ပြောပြသည်။ “ ယောကျာ်းတစ်‌ယောက်ရှိတယ် သူမက သူ့ကို သိပ်ကိုမကြိုက်မနှစ်သက်မှန်းကိုသူသိတယ်။ ဒါပေမယ့် သူမအနားကို သူမချဉ်းကပ်ပဲမနေနိုင်ပေ ဒါပေမယ့် သူမကတော့သူ့ချဉ်းကပ်တာကို ငြင်းဆန်တယ်၊ သူမမှာသူ့ကို ငြင်းဆန်ဖို့ မရေမတွက်နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်၊ သူမနဲ့ နီးစပ်သွားရင် သူ နာကျင်ရမယ်ဆိုတာ သူသိတယ်၊ အဲ့နောက်တော့ သူတကယ်ကို နာကျင်ခဲ့ရတယ်။ ဘယ်သူ့ကိုသွား အပြစ်တင်မလဲ" သူသူမကို ပြုံးပြလိုက်သည်။ " ကိုယ်မေးမယ် အဲ့တာကမင်း‌မဟုတ်ပါဘူး။"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now