Chapter - 40.2 [Uni+ Zawgyi]

2.1K 213 6
                                    

Chapter - 40.2

မကြာသေးမီက လျန်ရှင်းသည် ဘွဲ့လွန်များအတွက် ထောက်ခံချက်ဆိုသည်အား ရရှိအောင် လုပ်ဆောင်နေခဲ့တာဖြစ်သည်။ နိုင်ငံခြားမှ အနုပညာကျောင်းတစ်ကျောင်းကို သွားချင်ပေမယ့် သူမရဲ့သီအိုရီရမှတ်တွေက သိပ်မကောင်းပါဘူး။ သူမ၏ အမှတ်များ ပိုကောင်းလာစေရန်အတွက် နောက်ဆုံးတွင်တော့ လိမ်လည်လှည့်ဖြားရန်အတွက် တစ်စုံတစ်ဦးကို ရှာဖွေခဲ့ကာ စာမေးပွဲ၏အဖြေများကို သူမအား ပို့စေခဲ့သည်။ ဟုတ်ပါတယ်၊ သူမဟာ အလွန်လည်းလည်ပါသည်။ တစ်ယောက်တည်း ဒုက္ခရောက်မှာကို ကြောက်ပြီး လိမ်တဲ့အခါ လူအများအပြားကို ရေထဲကို ခေါ်ဆောင်သွားတဲ့အပြင် WeChat အဖွဲ့ကိုလည်း အထူးထူထောင်ခဲ့ပါတယ်။ ဒါပေမယ့် သူမကို ဒီလိုလုပ်ဖို့က အန္တရာယ်များပြီး စွန့်စားရာကျသည်။ သူမကို သစ္စာဖောက်ဖို့ တစ်စုံတစ်ယောက်က ကြိုးစားခဲ့မယ်ဆိုရင် သူမသည်လည်း လွဲချော်သွားရလိမ့်မယ်။

ထို့နောက်တွင်တော့ တစ်ယောက်ယောက်ဟာ သူမကို တကယ်ကိုရောင်းထုတ်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။

 
လင်ချင်းချင်းသည် သူမအတွက် မတော်တဆမှုတစ်ခုဖြစ်လာနိုင်သည်ကို စိုးရိမ်သောကြောင့် WeChat အဖွဲ့၏ chat ကို ဂရုစိုက်ကာကြည့်နေခဲ့သည်။ သူတို့ထဲက တစ်ယောက်ယောက်ဟာ စခရင်ရှော့ရိုက်ပြီး လျန်ရှင်း ကို တိုင်ချင်နေတာသူမတွေ့လိုက်တယ်။ ထိုအချိန်တွင် ဤလူသည်လည်း လျန်ရှင်း နှင့်ပွဲရှိပုံရသည်။ လိမ်လည်လှည့်ဖြားမှု နှင့် အဖွဲ့အစည်းလိုက် လိမ်လည်မှုတို့က စွဲချက်များ ကွဲပြားသည်။ သူ သတင်းပို့သည်နှင့် သူမသည်လည်း ဒုက္ခရောက်မည်ဖြစ်သည်။ သို့သော်လည်း သူမက သူမကိုယ်သူမပင်ရေထဲဆွဲချကာ လျန်ရှင်း ကို ဒုက္ခရောက်စေချင်သည့်ပုံပင်။ ထိုအချိန်က လျန်ရှင်းအား သူမ ဘယ်လောက်မုန်းတီးခဲ့သည်ကို သူမတွေးကြည့်နိုင်မိသည်။ လင်ချင်းချင်း ထိုစခရင်ပုံများကို သူမသိပြီးနောက် တိတ်တဆိတ်ဝယ်ယူခဲ့သည်။ လင်ချင်းချင်း သည် ကျောင်းတွင် အလွန်ရေပန်းစားသူဖြစ်ပြီး သူမသည် လူမှုအဖွဲ့အစည်း အသီးသီးတွင် မကြာခဏ ပါဝင်ဆောင်ရွက်သောကြောင့် ဂုဏ်သိက္ခာရှိသူဟု သတ်မှတ်ခံရသည်။ အတန်းဖော်က ခဏလောက်စဉ်းစားပြီး နောက်ဆုံးတော့ ရောင်းဖို့ရာ သဘောတူလိုက်တယ်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now