Chapter - 27.3 [Uni+Zawgyi]

3K 365 3
                                    

လျန်ဖေးဖေး ဘာမှမပြောနိုင်တော့ပေ။

"မစ္စတာရီ နဲ့ မစ္စစ် Yi နောင်မှာ MK နှင့်ပတ်သက်တဲ့ ရုပ်ရှင်၊ ရုပ်မြင်သံကြားနှင့် ကြော်ငြာကမ်ပိန်းတွေရှိနေသရွေ့၊ လျန်ရှင်း ရဲ့ရုပ်ပုံလွှာကို မင်းတို့နှစ်ယောက်လုံး ထိုတွေထဲ ထပ်မြင်ရတော့မှာမဟုတ်တာကို စိတ်ချထားလို့ရပါတယ်ဗျာ။" လျှို့ဝမ် ကပြောလိုက်သည်။

ဤထုတ်ပြန်ချက်၏ အဓိပ္ပါယ်မှာ လူတိုင်းအတွက်တော့ ရှင်းလင်းပါသည်- ကုမ္ပဏီက လျန်ရှင်း ရဲ့အလုပ်တွေကို ရပ်ဆိုင်းထားလိုက်လိုခြင်းပဲ ဖြစ်သည်။

လျန်ရှင်း လုံးဝ အံ့သြသွားကာ သူမ မယုံနိုင်ဖြစ်သွားသည်။ "လျို့... ဥက္ကဌ လျို့၊ ရှင် ဒီလိုလုပ်လို့မရဘူးနော်..."

သူမက MK နှင့်စာချုပ်ချုပ်နိုင်ရန် ခက်ခက်ခဲခဲနှင့် ဝင်တိုးခဲ့ရတာဖြစ်သည်။ ကုမ္ပဏီ၌ သူမရဲ့လုပ်ငန်းအခြေအနေများက ကျပ်တည်းနေသော်လည်း လှုပ်ရှားမှု အနည်းငယ်တော့ ရှိသေးသည်။ နောက်ဆုံးတွင် သူမ ကြီးမားတဲ့ ထောက်ခံချက်ကို ရရှိခဲ့ပြီး သူမ၏ ကံကြမ္မာကို ပြောင်းလဲကာ ကြီးကြီးမားမားဖြစ်အောင် လုပ်နိုင်မည်ဟု ထင်ခဲ့သည်။ ဒါပေမယ့် အခုတော့ ကုမ္ပဏီက သူမရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ပိတ်ဆို့ပြီဟု ရုတ်တရက် ကြေငြာခဲ့ကာ အေးစက်စက်ဆက်ဆံသည်... နှစ်တွေတစ်လျှောက် သူမရဲ့ ကြိုးစားမှုတွေအားလုံး အချည်းနှီးပဲဖြစ်သွားပြီ မဟုတ်လား?

လျန်ဖေးဖေး သည်လည်း ဤမျှလောက် ကိစ္စကြီးသွားမည်ဟု မမျှော်လင့်ခဲ့ပေ။ သူမက လျန်ရှင်း ကို ကာကွယ်ချင်ဝာာကြောင့် စကားအလွန်အကျွံပြောလဲ့မိသော်လည်း လျှို့ဝမ်က ဤမျှရက်စက်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

သူမပတ်ဝန်းကျင်မှ ပြောဆိုနေသည့်အသံများ ဆက်လက်ထွက်ပေါ်နေသဖြင့် အကူအညီတောင်းရန် လင်းဖန် အားကြည့်လိုက်သည်။ လင်းဖန်မှာ နာမည်ကောင်းရှိသူဖြစ်ပြီး ယခုအချိန်တွင်တော့ သူသည် အရှက်ရမှုကိုသာ ခံစားရကာ လျန်ရှင်း၏ အလုပ်အပိတ်ခံရမှုကို ဂရုစိုက်ရန် အချိန်မရှိပေ။ သူဟာစကားတစ်ခွန်းမှမပြောဘဲ လျန်ဖေးဖေး ၏လက်ကိုဆွဲကာ ရီဇီယန် လျှို့ဝမ် နှင့် အခြားသူများကို ယဉ်ကျေးစွာ နှုတ်ဆက်ပြီး အမြန်ထွက်သွားခဲ့သည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now