Chapter - 48.3 [Uni+Zawgyi]

1.3K 155 1
                                    

Chapter - 48.3

လင်ကျန်းကျန်း တံခါးသွားဖွင့်လိုက်တော့ အပြင်ဘက်မှာ အရပ်မြင့်မြင့်နဲ့ လူတစ်ယောက် ရပ်နေသည်ကိုမြင်လိုက်ရပါတယ်။ လင်ချင်းချင်းက သူ့ကို သတိထားမိလိုက်တယ်။

သူ့ကိုမြင်တော့ လင်ကျန်းကျန်း ခဏလောက် ထိတ်လန့်သွားပြီးမှ သူမ အံ့သြသွားခဲ့တယ်။  " ဝူကျီ ရှင်ဒီမှာ ဘာလာလုပ်နေတာလဲ"

နှစ်သစ်ကူးအကြိုနေ့မှာ သူ့ မိသားစုနဲ့ ညစာ စားနေသင့်တာမဟုတ်ဘူးလား။

"ကျွန်တော် မစ်ရှင်တစ်ခု သွားလုပ်မလို့ပါ။ လီရှန်း မှာ သေနတ်ကိုင်ပြီး လူသတ်မှုတစ်ခု ဖြစ်ခဲ့တယ်လေ။"

လီရှန်းက ပေကျင်း လက်အောက်မှာရှိတဲ့ တွဲဖက်ခရိုင်တစ်ခုဖြစ်တယ်။

နှစ်သစ်ကူးအကြို‌နေ့မှာ ဒီလိုမျိုးဖြစ်လာမယ်လို့ ဘယ်သူမှ မမျှော်လင့်ထားဘူး။

နံနက်စောစောမှာ လင်ကျန်းကျန်းက သူ ယူနီဖောင်းဝတ်ထားတာကို သတိပြုမိလိုက်တယ်။ သူဒီလိုပြောတာကိုကြားတော့ သူ့နှလုံးသားက ရုတ်တရက် နစ်မြုပ်သွားပြီး သူ့ကို လမ်းစ တစ်ခုပေးလိုက်တယ်။ "လာပြီး အရင်ဝင်စားသွားပါအုံးလား။"

"မစားတော့ပါဘူး ကျေးဇူးတင်ပါတယ် ကျွန်တော် ခဏနေ သွားရတော့မှာမလို့ပါ"

 
ဒီစကားကိုပြောပြီးတော့ သူကလှည့်ထွက်သွားခဲ့တယ်။ မတ်တပ်ရပ်ပြီး ရီဇီယန်က သူ့ကို တားလိုက်တယ်။  "အရာရှိ ဝူ။"

ဝူကျီ လှည့်ကြည့်လိုက်တော့ ရီဇီယန်က ဝိုင်နှစ်ခွက်ကို လောင်းထည့်ပြီး ဖန်ခွက်ကို ကိုင်ထားတာကို တွေ့လိုက်ရတယ်။ "အရက်ခွက်နဲ့ ဆုတောင်းမင်္ဂလာပြုလုပ်သွားပါဦး။"

ခဏလောက် ငြိမ်သက်သွားပြီးနောက် ဝူကျီ က ခွက်ကို ယူဖို့ ရှေ့ကိုတိုးလာခဲ့တယ်။ "မင်းအရင်က စစ်တပ်ထဲဝင်ဖူးတာ ကျွန်တော်ကြားမိတယ်"

"ကျွန်တော်က စစ်တပ်ထဲမှာ နှစ်နှစ်နေခဲ့တာပါ။"

သူ ခွက်ကို ကိုင်လိုက်သည်။ "တွေ့ရတာဝမ်းသာပါတယ်။"

"ယဉ်ယဉ်ကျေးကျေး ပြောနေစရာ မလိုပါဘူးဗျာ။"

နှစ်ယောက်စလုံးက ကိုယ့်ဝိုင်တစ်ခွက်သောက်ပြီး အချင်းချင်း ဆုတောင်းပေးလိုက်ကြတယ်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now