Chapter - 38.1 [Uni+Zawgyi]

1.8K 238 5
                                    

Chapter 38.1

လုရှို့ယွမ်က တစ်လှမ်းချင်း လာနေဆဲဖြစ်သည်။

သူပြောနေတာကို သူမကြားလိုက်ရတယ်။

 
"တောင်းပန်ပါတယ်၊ ကျွန်တော်လည်း မလုပ်ချင်ပါဘူး၊ ဒါပေမယ့် လုဝမ်ချန်း က ကျွန်တော့်ညီမဖြစ်လို့ သူမလိုချင်တာမှန်သမျှရအောင် ကျွန်တော်ကူညီပေးချင်လို့ပါ။"

သူမဦးနှောက်က နာကျင်ကိုက်ခဲလွန်းနေသည် အကြိမ်ပေါင်းများစွာ ခေါင်းကိုဆောင့်ပစ်ခဲ့သော်လည်း မသက်သာသေးဘူး။ ပြင်းထန်လွန်းလို့ နောက်ဆုံးမှာ သူမ နှလုံးကိုပါ ပြင်းပြင်းထန်ထန် ရိုက်ခတ်မှုဖြစ်သွားခဲ့တာဖြစ်လောက်မည်။ သူမရဲ့ခေါင်းထဲမှ မူးဝေနေမှုကိုသာခံစားရပြီး သူမဘာမှပင်မသိတော့ပေ။

 
လုရှို့ယွမ် သည် သွေးများဖြင့် ဖုံးလွှမ်းနေသော လင်းချင်းချင်း ကို ကြည့်ကာ တုန်လှုပ်ချောက်ချားသွားခဲ့သည်။ ဒီလိုမျိုးတွေဖြစ်လာဖို့ သူ မမျှော်လင့်ထားပါဘူး။ လုဝမ်ချန်းက လင်းချင်းချင်းမှာ မိန်းမပျက်တစ်ယောက်ဖြစ်ပြီး သူ့(ရီဇီယန်)ကိုမုန်းတီးတဲ့ကြောင်းကို ရီဇီယန်အား သိစေလိုကြောင်း ပြောပြခဲ့ပြီး သူ့ကို အကူအညီတောင်းခံခဲ့သည်။

အစီအစဥ်သည် အန္တရာယ်များပြီး မိုက်မဲလွန်းသည်ဟု သူခံစားမိသည် သတိမထားပါက ၎င်းကိစ္စတွင် သူကိုယ်တိုင်ပါ ပါဝင်ပတ်သက်မည် ဖြစ်သော်လည်း အစီအစဉ်အောင်မြင်ပါက ငွေများစွာရရှိမည်ဖြစ်သည်။ ဝမ်ချန်း က ရီဇီယန် ကို ရနိုင်သလို သူသည်လည်း သူမကို ရနိုင်သည်။

သူမကို မရနိုင်ရင်တောင် တစ်ကြိမ်လောက် အတူအိပ်ရလည်း တန်တယ်လို့ သူထင်ခဲ့တယ်။

 
လွန်ခဲ့သည့် နှစ်များစွာကတည်းက သူမကိုသူ ပထမဆုံးအကြိမ်တွေ့ဆုံစဉ် သူညှို့ယူခံခဲ့ရသည်။ နောက်တော့ သူအဲဒီမှာရှိနေတဲ့ ဝမ်ချန်း ကိုသွားရှာခဲ့တယ်။ ထိုနေ့ပြီးတဲ့နောက် သူမကို သူဘယ်တော့မှ မမေ့နိုင်တော့ပေ။ သူမ၏ အကြည့်များက အေးစက်နေကာ လူများကို လက်လှမ်းမမီနိုင်သည့် ခံစားချက်ကို ပေးစွမ်းနိုင်သော်လည်း သူမက ရိုးတွင်းခြင်ဆီသို့ ရောက်သည့် အလှတစ်မျိုးကို ပြသခဲ့သည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now