Chapter - 17.4 [Uni]

4.1K 602 14
                                    

လင်ချင်းချင်းက အရာအားလုံး ဆုံးရှူံးသွားသလို ခံစားလိုက်ရပေမယ့် သူမ လက်က အနွေးဓာတ်လေး တခုကို ခံစားလိုက်ရတယ်။အောက်ကို ငုံ့ကြည့်လိုက်တော့ ရှောင်ယွမ်က သူမလက်ကို ဆုပ်ကိုင်ထားတာကို တွေ့လိုက်ရတယ်။သူ့လက်က ညင်သာပြီး သူ့ခေါင်းလေးကို မော့ကြည့်လိုက်တယ်။သူ့မျက်နှာက ဖက်ထုပ်လေးလို ဖက်ထုပ်ပြုတ်လေးနဲ့ တူတယ်။ဖက်ထုပ်ပြုတ်နဲ့ တူရုံတင်မကပဲ သူပြုံးပြတာလေးက ချစ်ဖို့ကောင်းလိုက်တာ။ဘယ်လောက်တောင် တောက်ပတဲ့ အပြုံးလေးလဲ။

"‌ မေမေ စိတ်မပူပါနဲ့ အန်တီက မေမေနဲ့ မပူးပေါင်းဘူးဆိုရင် သားက အစား ပူးပေါင်းပေးမယ်လေ ရတယ်မလား။ သားလည်း သီချင်းဆိုနိုင်ပါတယ်"

ဒါက ထူးဆန်းဖို့ကောင်းတယ်။လင်ချင်းချင်းရဲ့ သားလေးက အရမ်းငယ်သေးပေမယ့် သူမက သူ့ကြောင့် တခုခုကို အမြဲခံစားရတယ်။သူမ ငုတ်တိုင်ထိုင်ပြီး သူ့ခေါင်းလေးကို ပွတ်သပ်ကာ သူ့နဖူးလေးကို နမ်းလိုက်တယ်။ချက်ချင်းဆိုသလိုပဲ သူမခံစားနေရတဲ့ ဆုံးရှူံးမှုတွေအားလုံး ပျောက်ကွယ်သွားတယ်။နူးညံ့ပြီး ချစ်ဖို့ကောင်းတဲ့ သား‌ငယ်လေးတစ်ယောက်ရှိခြင်းရဲ့ အကျိုးကျေးဇူးလေးပါ။သူက ဝေဒနာတွေကို ကုစားပေးနိုင်တယ်။မင်းစိတ်‌မကောင်းဖြစ်နေရင်တောင် သူ့ကိုမြင်လိုက်ရင် ဝမ်းနည်းတာတွေအကုန် အလိုလိုပျောက်သွားစေနိုင်တယ်။

ဖက်ထုပ်ငယ်လေးဟာ ပျော်ရွှင်ပြီး ရယ်မောနေပေမယ့် သူ့မေမေ နမ်းလိုက်တာကိုတော့ နည်းနည်းလေး ရှက်နေပါသေးတယ်။သူ့လက်ချောင်းလေးတွေက ဆံပင်တွေကို ကုတ်ရင်း နီရဲနေတဲ့ မျက်နှာလေးကို သူမပုခုံးနဲ့ ပွတ်သပ်လိုက်တယ်။

" မင်း လူစုဖို့ ကိုယ့်အကူအညီရော လိုအပ်လား"

လင်ချင်းချင်း ကြည့်လိုက်တော့ ရီဇီယန်ရဲ့ မျက်လုံးထဲက အပြုံးတစ်ခုကို မြင်လိုက်ရတယ်။ချစ်စဖွယ်ဝတ်ဆင်ထားပြီး သားအမိနှစ်ယောက် တစ်ယောက်ကို တစ်ယောက် နမ်းပြီး ချစ်နေကြတာကို တွေ့ရတော့ သူပျော်နေတဲ့ပုံပါပဲ။

သူမက " မဟုတ်ဘူး။ ရှင်ကျွန်မကို အများကြီး ကူညီခဲ့ပါတယ်။အနာဂတ်မှာတော့ ကျွန်မကိုယ်ပိုင်လမ်းကြောင်းနဲ့ပဲ သွားချင်တယ်။" ကောင်မလေးရဲ့ စကားတွေကို အခုပြန်တွေးမိလိုက်တော့ သူမ ချီတုံချတုံမေးခဲ့တယ်။" ကျွန်မ လူလိမ်တစ်ယောက်နဲ့ တကယ် တူနေတာလားဟင်။"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now