Chapter - 22.1 [Uni+Zawgyi]

4.1K 554 20
                                    

Chapter - 22.1

သူမ အထက်တန်းကျောင်းတက်တုန်းက သူ့မရဲ့ကိုယ်ပိုင် QQ နံပါတ်ကို ပထမဆုံး အကြိမ်အဖြစ်ရရှိခဲ့တာဖြစ်သည်။ သူမပေါ့ပေါ့ပါးပါးပဲ ရှာဖွေပြီး သူမရဲ့ ပထမဆုံး ကွန်ယက်သူငယ်ချင်း " အဖြူရောင် " ကို add ခဲ့တာပဲဖြစါတယ်။

ဒါဆို အဲ့ဒီ့ "အဖြူရောင်" က တကယ်ကြီး ရီဇီယန်လား?

"အာ မဖြစ်နိုင်ပါဘူး၊ သူက ဦးလေးကြီးတစ်ယောက်မှန်း သိသာပါတယ်။ ကျွန်မ သူ့အချက်အလက်တွေကို ဖတ်ပြီးပြီ၊ သူက အသက်လေးဆယ်တောင်ကျော်ပြီးနေပြီလေ။"

ရီဇီယန် ကပြောသည်။ " အဲ့အချက်တွေက ပေါ့ပေါ့ပါးပါး လျှောက်ဖြည့်လို့ရတာကို မင်းကယုံနေခဲ့တာလား?"

လင်ချင်းချင်း : "——"

သူမ၏ QQ နံပါတ်တွင် သူငယ်ချင်းတစ်ဦး ပထမဆုံးထည့်ခဲ့သည့်နေ့ကို တွေးနေမိသည်။ ထိုအချိန်ငတော့ သူမထင်ခဲ့တာက တစ်နေရာနဲ့တစ်နေရာ ဝေးကွာကြတဲ့ သူစိမ်းနှစ်ယောက် လွယ်ကူလျင်မြန်စွာ ပြောဆိုဆက်ဆံနိုင်သည်က အလွန်ဆန်းသစ်သည်ပေါ့။

သူမဘာမှလုပ်စရာမရှိသရွေ့ သူနဲ့စကားပြောခဲ့ကြတယ်။  သူကအပြင်းဖျားပြီး သူသေတော့မယ်လို့ တွေးမိပြီး သူမသူ့ကို အားပေးပြီး ငိုတောင်ငိုခဲ့တာကို သူမ သတိရမိသွားခဲ့တယ်။ နောက်ပိုင်းမှာတော့ သူကနေကောင်းနေတယ်ဆိုတာ သူမသိသွားခဲ့ရပြီး တခြားသူတွေထက်တောင် သူမပိုပျော်ခဲ့သေးတယ်။

အချိန်အတော်ကြာတဲ့ထိအောင် သူမရဲ့ ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေအကုန်ကို ဒီကွန်ယက်သူငယ်ချင်းနဲ့ မျှဝေခဲ့ကြပြီး သူမမိသားစုက အသေးအဖွဲအရာလေးတွေ အရာအားလုံးနီးပါးကို သူမပြောပြခဲ့တာပါ။ ဒါပေမယ့် သူကတော့ မာနကြီးပုံပေါ်ပြီး သူမကအများကြီးပို့တိုင်း သူကတော့ "အိုး" နဲ့ "အမ်း" ဆိုပြီး တစ်ရက်ခွဲလောက်မှသာ စာပြန်တတ်တယ်။ သူက အလွန်အေးစက်တာကြောင့် သူမရဲ့ နှလုံးသားလေးမှာ စိတ်ပျက်အားငယ်မှု အနည်းငယ် ခံစားရသော်လည်း သူမက သူမရဲ့ဘဝကို သူနှင့်မမျှဝေပဲမနေနိုင်ခဲ့ပေ။

နောက်ပိုင်းတွင်တော့ သူမရဲ့လေ့လာသင်ယူမှုမှာ ခက်ခဲလာခဲ့သည်။ အထူးသဖြင့် ဂီတသင်ယူရန် အချိန်များစွာယူခဲ့ရပြီး သူမရဲ့ ကွန်ယက်သူငယ်ချင်း “အဖြူရောင်” နှင့် အဆက်အသွယ် နည်းပါးလာခဲ့သည်။ အထူးသဖြင့် အထက်တန်း တတိယနှစ်တွင် သူမ အလုပ်များလွန်းသဖြင့် ထမင်းစားဖို့နှင် အိပ်ချိန်ပင်မရှိခဲ့တာကြောင့် သူနှင့်ဆက်သွယ်ဖို့ရာ ခက်ခဲခဲ့သည်။ နောက်ဆုံးတော့ သူမကောလိပ်ရောက်သွားခဲ့တယ်။ သူမရဲ့ လူမှုဆက်သွယ်ရေးစက်ဝန်းက ပိုမိုကျယ်ပြန့်လာကာ သူမရဲ့ သူငယ်ချင်းအသစ်များ ပေါင်းထည့်လိုက်တဲ့အခါ သူငယ်ချင်းဟောင်းများမှာ ဖုန်းလွှမ်းခံရပြီး အောက်သို့ရောက်သွားရသည်။ သူစိမ်းများနှင့် စကားပြောဆိုရန် လူမှုအပလီကေးရှင်းများကို ပထမဆုံးအသုံးပြုရခြင်းက ဆန်းသစ်သည် ဆိုတဲ့အမှတ်တရတစ်ခုမျှသာ သူမ၌ကျန်ရှိခဲ့သည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now