Chapter - 32.3 [Uni+Zawgyi]

2.4K 302 2
                                    

Chapter - 32.3

"ရှင်ကျွန်မမသိအောင် ကျွန်မအတွက် တခြားဘာတွေ လုပ်ထားသေးလဲ?"

ရီဇီယန်က သူမရဲ့ လေးနက်နေသော အမူအရာကို ကြည့်ပြီး မျက်မှောင်ကြုတ်ကာ " မင်းက ကိုယ့်အပေါ် ယဉ်ကျေးနေတာလား? မင်းက ကိုယ့်မိန်းမလေ မင်းကို ကူညီပေးတာက ပုံမှန်ပဲ မဟုတ်ဘူးလား? "

 
သူက ဒါကိုမှန်တယ်လို့မှတ်ယူထားပေမယ့် လင်းချင်းချင်း ကတော့ အနည်းငယ်ရှက်ရွံ့နေခဲ့သည်။ "ဒါက မှန်ပါတယ် ဒါပေမယ့် ရှင်က အရမ်းအလုပ်များနေတာလေ ​​ရှင်ကျွန်မကြောင့်အလုပ်ပိုသွားမှာ မဖြစ်စေချင်လို့ပါ။"

"ဒါက လက်ညှိုးထောင်ရသလိုပါပဲ အားစိုက်ထုတ်ရတဲ့ အလုပ်မှမဟုတ်ပါဘူး။ " 

"......"

သူ့နားရွက်ကို ပွတ်လိုက်ရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည် လင်းချင်းချင်း အနည်းငယ် ကလိကလိ ခံစားလိုက်ရပြီး ဓာတ်လိုက်ခံရသလို အနည်းငယ်တုန်ရီသွားတဲ့ ခံစားမှုမျိုးကိုလည်း ခံစားလိုက်ရသည်။

သိပ်ကိုနီးကပ်နေတာကြောင့် သူမ သူ့ရဲ့ အသက်ရှုမှုကိုတောင်ကြားနေရသည်။ သူသူမနားကို နမ်းလိုက်တဲ့အခါ သူ့လည်ချောင်းထဲက ဆူညံသံလေးတွေကိုတောင် သူမကြားလိုက်ရတယ်။ [တံတွေးမြိုချတဲ့အသံဖြစ်လောက်ပါတယ် >.< ]

 
ထိုအသံက သူသိပ်ကိုပူလောင်နေပုံရပြီး ဒါကသူမကိုလည်း နှလုံးခုန်မြန်သွားစေသည် ။

"ရှင်......ရှင်အဲ့ဒါကိုထပ်လုပ်ချင်လား?"

 
ရီဇီယန်က ရပ်တန့်သွားပြီး နူးညံ့စွာပြန်ဖြေလိုက်သည်။ "အင်?"

သံလိုက်လိုအသံက သူမနှလုံးသားကို တကယ့်ကို အရည်ပျော်သွားစေနိုင်ပါတယ်၊ ​​ဒီလူက တကယ်ကို စွဲဆောင်မှုရှိ၏။

 
"ကိုယ်ကလုပ်ချင်ပါတယ်၊ မင်းခံနိုင်ရည်ရှိပါ့မလား?"

ဒီ‌လိုဆွဲ‌ဆောင်မှုရှိတဲ့ အသံက နားထဲမှာ နွေးထွေးစွာ ဝင်ရောက်လာရင်း သူမတစ်ကိုယ်လုံးက သူ့ဟော်မုန်းရနံ့တွေ လွှမ်းခြုံသွားခဲ့သည်။ သူမတောင့်မခံနိုင်ဘူး တောင့်မခံနိုင်ပါဘူး။ သူမဘယ်လိုလုပ်ပြီးတောင့်ခံနိုင်ပါ့မလဲ အား!!

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now