Chapter - 46.3 [Uni+Zawgyi]

2.2K 230 4
                                    


Chapter - 46.3

သူမက ပန်ကိတ်အစိတ်လေးကို ယူပြီး သူ့ကို ပေးလိုက်‌ပေမယ့်ရီဇီယန်က စိတ်ကူးယဉ်ပြီး အတွေးထဲမှာ နစ်မြုပ်နေပုံရသည်။ သူမကိုသာ ငေးကြည့်လို့နေပါတယ်။

"ရှင်ဘာလုပ်နေတာလဲ"

နောက်ဆုံးတော့ သူစိတ်နဲ့ကိုယ်ပြန်ကပ်သွားပါပြီ ရှေ့ကိုဆက်တိုးလာလိုက်တယ်။ သူလက်လှမ်းပြီး လှမ်းယူမလို့ လုပ်လိုက်ပေမယ့်သူမက ခွင့်ကျွေးတာမို့ သူမဆီကနေပဲ စားလိုက်ပါတယ်။ တကယ်တော့ သူ အရသာကိုလည်း လုံးဝမခံစားနိုင်ခဲ့ပါဘူး။ သူရဲ့ အာရုံစူးစိုက်မှု အားလုံးက သူမဆီကိုပဲ ရောက်နေတယ်။

"အရသာရှိရဲ့လား?"

"အင်း။"

သူက ကြောင်တောင်တောင်နဲ့ မအူမလည် ပြန်ဖြေလလိုက်တယ်။

စားပြီးတာနဲ့ သူက အူကြောင်းကြောင် ရပ်ပြီး သူမကို စိုက်ကြည့်နေပြန်တယ်။ မစ္စတာရီရဲ့အူကြောင်ကြောင် အမူအရာလေးက အလွန်ချစ်စရာကောင်းပေမယ့်  လင်ချင်းချင်းအနည်းငယ်တော့ စိတ်မသက်မသာ ခံစားနေရတယ်။

သူမ တိုးတိုးလေး ချောင်းဆိုးလိုက်တယ်။ "တီဗီဇာတ်လမ်းတွဲထဲက အမျိုးသားဇာတ်ဆောင်က မီးဖိုချောင်မှာ မနက်စာချက်နေတဲ့ အမျိုးသမီးကို မြင်တဲ့အခါ မပွေ့ဖက်ပဲမနေဘူးလေ။ အဲ့ဒါက ရင်ခုန်စရာ‌ကောင်းတယ် လို့ ထင်တယ် ရှင်ရော အာ့လိုမထင်ဘူးလား"

"အင်း အဲ့ဒါကဆိုးတော့မဆိုးပါဘူး။"

"..."

ဘာဖြစ်တယ်? သေချာတာ‌တော့ ယောက်ျားတွေနဲ့ ပြောဆိုဆက်ဆံရင် ပြတ်ပြတ်သားသား တိုက်ရိုက်ပဲပြောလိုက်တာက ပိုကောင်းပါတယ်။ လင်ချင်းချင်းက ပွင့်ပွင့်လင်းလင်းနဲ့ ပြန်ပြောချလိုက်တော့တယ် "ကျွန်မ ပြောချင်တာက ဒီအချိန်မှာ ရှင်ကျွန်မကို အနောက်ကနေ ပွေ့ဖက်သင့်တယ်လေ"

ရီဇီယန်  "..."

ထိုနေရာမှာပဲ သူရပ်နေသေးတာကို  မြင်လိုက်ရလို့ လင်ချင်းချင်းက သူ့လက်ကိုဆွဲကာ သူ့လက်မောင်းကို သူမ ခါးမှာ တင်လိုက်တယ်။

သူမရဲ့ ရနံ့လေးတွေ သူ့ဆီရောက်လာခဲ့ပြီး ရီဇီယန် အာရုံပြန်ကပ်သွားခဲ့တယ်။ ထို့နောက် သူမခါးလေးကို လက်နှစ်ဖက်လုံးနဲ့ ဖက်ထားလိုက်ပါတယ်။ သူမက သူ့ကို ကိတ်မုန့်သေးသေးလေး ခွင့်ပေးလိုက်တယ်။  "ရှင်ပါးစပ်ဟ အာ..."

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now