Chapter - 54.1 [Uni+Zawgyi]

1K 114 1
                                    

Chapter 54.1 {Extra 5}

နောက်တစ်နေ့ အိပ်ရာကနိုးလာတော့ လင်ကျန်းကျန်း အိပ်ရာထဲ၌ မရှိတော့သည်ကို ဝူကျီတွေ့လိုက်ရသည်။ မနေ့က အရမ်းသောက်ထားမိတာကြောင့် အခုလည်း ခေါင်းကိုက်နေပါသေးတယ်။ သူထထိုင်လိုက်တဲ့အချိန် လင်ကျန်းကျန်းက ဗန်းတစ်ခုနှင့်ဝင်လာပြီး နိုးလာတဲ့သူ့ကိုမြင်သွားခဲ့တယ်။ “ ရှင်က အချိန်ကွက်တိကိုနိုးလာတာပဲ။ ကျွန်မယာဂုပြုတ်ပြီးပြီ။ နည်းနည်းလောက်သောက်လိုက်နော်။ ”

သူမက ဗန်းကို ကုတင်ဘေး စားပွဲပေါ်တင်ကာ ယာဂုကို ဗန်းပေါ်မှ ချလိုက်သည်။ ၎င်းသည် အလွန်ပျော့ပျောင်းသော ပြောင်းဆန်ထမင်းရည်ဖြစ်ပြီး အရက်နာကျသူများအတွက် စားရန် အလွန်သင့်လျော်ပါသည်။ မနက်အိပ်ရာကနိုးတာနဲ့ သူ့အတွက် ချက်ပြုတ်ပေးဖို့ သွားခဲ့တာလား။ သူ့စိတ်ထဲမှာတော့ သူမဟာ သိပ်ကိုပြည့်စုံတဲ့ ဇနီးမယားတစ်ယောက်ပဲ။ ဝူကျီဟာ သူဒီလိုမိန်းကလေးမျိုးကို လက်ထပ်ခွင့်ရသည်က သူ့မိသားစုက သူတို့ဘိုးဘွားအုတ်ဂူမှာ နံ့သာပေါင်းတွေ မွှေးကြိုင်အောင်သွားထွန်း တတ်တာကြောင့်လို့လားလို့တောင် တွေးလိုက်မိတယ်။

  
လင်ကျန်းကျန်းက ဆန်ပြုတ်ကို ယူလာပြီး ဝူကျီ့ကို တစ်ဇွန်းသောက်စေလိုက်တယ်။ ပြောင်းဆန်ပြုတ်သည် အလွန်နူးညံ့သောကြောင့် အရက်နာကျခြင်းကို များစွာသက်သာစေသည်။

"ရှင်စားပြီးရင် ပန်းကန်ကို ကုတင်ဘေးက စားပွဲပေါ်တင်ထားလိုက်နော်၊ ကျွန်မလာပြီး သန့်ရှင်းရေးလုပ်လိုက်မယ်"

  
သူမ အပြင်ထွက်ခါနီးတွင် ဝူကျီက သူမကို အလျင်အမြန် ရပ်တန့်လိုက်သည်။ "ခဏစောင့်ပါဦး။"

"အခြားတစ်ခုခုရှိသေးလို့လား?"

  
"ထိုင်ဦး။"

ဝူကျီက သူ့ဘေးက ထိုင်ခုံဆီကို ရည်ညွှန်းလိုက်သည်။ လင်ကျန်းကျန်းက ကုတင်ဘေးသို့သွားကာ ထိုင်လိုက်ပြီး သူစကားပြောတာကိုစောင့်နေလိုက်သည်။ ဝူကျီက ဆန်ပြုတ်တစ်ဇွန်းကိုသောက်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။ "မင်းနာသွားလား?"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now