Chapter - 3 [Uni]

6.1K 711 14
                                    

- ချစ်စရာဖက်ထုပ်လုံးလေး

လင်ချင်းချင်းတစ်ယောက်အချိန်တိုအတွင်းပင် “ ငါးနှစ်ကြာပြီးနောက်ဘဝ” ကိုလိုက်လျောညီထွေဖြစ်အောင်နေခဲ့ပြီးပတ်ဝန်းကျင်နှင့်ရင်းနှီးလာခဲ့သည်။

လင်ကျန်းကျန်းကသူမအားသူမဘဝကထိုအချိန်၌အလွန်ဆိုးရွားခဲ့ကြောင်းနှင့်သူမသည်တစ်ချိန်လုံးခေါင်းရှုပ်နေခဲ့သည်ဟုပြောကြားခဲ့သည်။ လင်ချင်းချင်းကဒါကိုမှန်းဆထားခဲ့ပေမယ့်လို့သူမနားမလည်နိုင်ခဲ့ပါဘူး။ သူမယခုအဆိုးဆုံးအရာများကိုလက်ခံနိုင်လျှင်လွန်ခဲ့တဲ့ငါးနှစ်ကထိုအရာများကိုသူမခံစားခဲ့ရတဲ့အခါအဘယ့်ကြောင့်သူမလက်မခံနိုင်ခဲ့ရတာလဲ?

ဒါပေမယ့်ဒါကအရေးမပါတော့ပါဘူး။ သူမယခုလုပ်ရန်လိုအပ်သည်မှာသူမရဲ့အခြေအနေကိုအမြန်ဆုံးပြုပြင်ပြောင်းလဲရန်ဖြစ်သည်။

အချိန်အနည်းငယ်ညှိပြီးနောက်သူမသူမအစ်မကိုကူညီဖို့အလုပ်စလုပ်တော့တယ်။ ထိုအကြောင်းပြောရရင်သူမရဲ့အစ်မသည်လည်းဤစားသောက်ဆိုင်အတွက်အများကြီးပေးဆပ်ခဲ့ရသည်။ သူမတို့မိခင်ဆုံးသွားတဲ့အခါလင်ကျန်းကျန်းကတရားစီရင်ရေးဆိုင်ရာစာမေးပွဲများနှင့်အလုပ်ရှုပ်နေခဲ့သည်။ သူမကထိပ်တန်းဥပဒေကျောင်းသားတစ်ဦးဖြစ်သည်။ သို့သော်သူမတို့အမေဆုံးသွားတဲ့အခါသူမကမိသားစုစားသောက်ဆိုင်ကိုလွှဲယူခဲ့ရသည်။ ဒီစားသောက်ဆိုင်ကိုသူတို့အဖိုးကဦးဆောင်ခဲ့ပြီးသူတို့မိသားစုအတွက်လည်းအထူးအရေးပါခဲ့ပါတယ်။ လင်ကျန်းကျန်းကစားသောက်ဆိုင်ကိုသူမလက်ထက်မှမပိတ်လိုက်စေချင်ဘူး၊ ဒါကြောင့်သူမရဲ့ဝါသနာကိုစွန့်လွှတ်ပြီးအလုပ်ကိုလွှဲယူခဲ့တယ်။

သူမအစ်မကအများကြီးအနစ်နာခံခဲ့တယ်၊ ဒါကိုသူမကဆက်ပြီးမသိချင်ယောင်ဆောင်နေရင်ဘယ်မျက်နှာနဲ့သွားနေရတော့မလဲ?

သူမဘယ်လိုပဲဖြစ်နေခဲ့ပါစေ၊ သူမယခုချိန်မှာတော့ပျော်ရွင်ရမည်။ တဖက်တွင်သူမကသူ့အစ်မကိုကူညီနိုင်သော်လည်းအခြားတစ်ဖက်တွင်သူမပိုတော်လာတဲ့အခါသူမစိတ်ချလက်ချနားလို့ရတာပေါ့။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now