Chapter - 17.2 [Uni]

4.6K 592 3
                                    

ရီဇီယန်က လုံးဝထိခိုက်ပုံမပေါ်တဲ့အပြင် စွဲမက်ဖွယ်ကောင်းပြီး မိုက်နေသေးတယ်။" မင်းလုံးဝ မမေ့လိုက်နဲ့ ဒါက ရီ မိသားစုရဲ့ ပိုင်ဆိုင်မှုတွေ လုမိသားစု ဟာတွေ မဟုတ်ဘူး။မင်းအဖေရဲ့ ကြိုးစားမှုတွေကိုလည်း အသိအမှတ်ပြုတယ်။ငါသာ မင်းနေရာမှာဆိုရင် တခုခုအခြေကျအောင်ပဲ ကြိုးစားသင်ယူမှာ။"

သူဟာ သူမကို သွားခိုင်းလိုက်ပြီး လှည့်ပြန်လာခဲ့လိုက်တယ်။သူက အခန်းကို ပြန်ရမယ့်အစား ဝိုင်စက်ရုံဆီပဲ တည့်တည့်ပြန်လာပြီး ခဏလောက်အိပ်လိုက်တယ်။မနက်မိုးလင်းမှ အစည်းအဝေးအတွက် ထပြီး ပြင်ဆင်လိုက်တယ်။

အစည်းအဝေးအခန်းထဲမှာ လူတွေ‌ တော်တော်များများ ရောက်နှင့်နေကြပြီ။ရီဇီယန်ဟာ သူ့ရဲ့ စွမ်းဆောင်ရည်ကို ပေါ်လွင်စေတဲ့ ရိုးရှင်းသပ်ရပ်တဲ့ ဝတ်စုံနဲ့ နက်ကတိုင်ကို ဝတ်ထားတယ်။သူမနေ့ညက ကောင်းကောင်း အိပ်မပျော်ဘူးဆိုရင်တောင် နောက်တနေ့ အတွက် လုပ်နိုင်စွမ်းတွေ အပြည့်အဝရှိနေတုံးပဲ။ဒါက ခေါင်းဆောင်ကောင်း တစ်ယောက်မှာရှိသင့်တဲ့ အရည်အသွေးတွေပဲ။

သူထိုင်ပြီးတော့ အစည်းအဝေးစတင်ကြောင်း ကြေညာတယ်။ခဏကြာတဲ့အထိ ဘယ်သူကမှစကားမပြောရဲကြဘူး။ချမ်းဘိုက အချိန်အကြာဆူံး သူ့နောက်ကိုလိုက်ခဲ့တယ်။နောက်ဆုံး ဘယ်သူမှ မပြောရဲတဲ့နောက် သူကပဲ စပြီး ပြောခဲ့တယ်။

"ဇီယန်ရေ မင်းပြောခဲ့တဲ့ AI အစီအစဉ်ကို ခဏလောက်ရွေ့ဆိုင်းထားလို့ရမယ် ထင်နေတာလား။မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါနားလည်တယ်။ဒါပေမယ့် ဝိုင်စက်ရုံကို AI နဲ့ လည်ပတ်မယ်ဆိုရင် အဲ့ဒီ့မှာရှိတဲ့ ဝန်ထမ်းဟောင်းတွေ အပါအဝင် ဝန်ထမ်းတော်တော်များများ အလုပ်ထုတ်ခံရတော့မယ်။သူတို့အားလုံးနီးပါးက သူတို့ရဲ့ဘဝတွေကို ဒီစက်ရုံထဲမှာပဲ မြှုပ်နှံထားကြတာ။ငါတို့ရဲ့ စက်ရုံကို လူသားဆန်စိတ်ကင်းမဲ့တဲ့ စက်ရုံလို့ လူတွေ ဝိုင်းပြောကြမှာကို ခွင့်မပြုနိုင်ဘူး"

ရီဇီယန်က သူ့ရဲ့လက်ကို စားပွဲပေါ်မှာတင်ပြီး " မင်းတို့အားလုံးရဲ့ အတွေးတွေ အကုန်တူတူပဲလားလို့ " အကုန်လုံးကို ကြည့်ပြီး မေးလိုက်တယ်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now