Chapter - 17.1 [Uni]

4.3K 613 21
                                    

ဒီ အခိုက်အတန့်လေးမှာပဲ အကြောင်းပြချက်ရေရေရာရာမရှိသလို ဘယ်လိုစကားမှလဲ ထူးထူးခြားခြားထွက်ပေါ်မလာခဲ့ဘူး။ သူ ယောင်ပြီးတော့တောင် သူ့အမေကိုဆဲမိတော့မလို့။

နှိုးဆော်ခံလိုက်ရတဲ့ သားရဲတစ်ကောင်လို သူလှည့်လိုက်ပြီး သူမကို ဖိထားလိုက်မိတယ်။ သူသူမရဲ့ လက်တွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး သူမရဲ့ခေါင်းပေါ်ကို မြှောက်တင်လိုက်တယ် နောက်တော့ ပြန်ချလိုက်တယ်။

သူမကို နမ်း...….. သူ့ရဲ့ အတွေးတွေ အကုန်လုံးထဲမှာ သူမကို နမ်းနေခဲ့တယ်။ သူမရဲ့ အသက်ရှူသံလေးတွေ သူမရဲ့ ရနံ့လေးတွေ သူမမှာရှိတဲ့ အရာရာကို သူ စားသုံးချင်တယ်။ သူမကသူ့ရဲ့ မိန်းကလေး....... သူမရဲ့ အကြောင်းကိုပဲ သူအချိန်တော်တော်ကြာ တွေးနေမိခဲ့တယ်။

သူ သူမရဲ့ အကြောင်းကိုပဲ ဘယ်လောက်ကြာကြာ စိတ်ကူးယဉ်နေခဲ့တယ်ဆို သူမရဲ့ အသံကို ကြားခဲ့တဲ့အထိ သူကိုယ်တိုင်တောင် သတိမထားမိခဲ့ဘူး။

ရီဇီယန်ဟာ အိပ်မက်ကနေ နိုးထလာခဲ့ပြီး သူဘာတွေ လုပ်နေခဲ့တယ်ဆိုတာ နားလည်ခဲ့တယ်။
ချက်ချင်းသလိုပဲ သူမကို လှမ်းကြည့်လိုက်တယ် ။
ဒါပေမယ့် သူမရဲ့ နဲနဲလေး သက်တောင့်သက်သာ မရှိတဲ့ မျက်မှောင်ကြုပ်နေတဲ့ မျက်နှာကိုပဲ မြင်ခဲ့တယ်။
           

နောက်ထပ်အချိန်ခဏလေးမှာ သူမ နိုးလာပြီး ရုတ်တရက် ထလာမှာကို သူကြောက်နေခဲ့တယ်။ သူ ကုတင်ပေါ်မှ ထထိုင်လိုက်တယ်။
            

သူ ဘာတွေလုပ်လိုက်တာလဲ....
            

ရီ‌ဇီယန်က ကြမ်းကြုတ်တဲ့ သားရဲတကောင်လို ခံစားခဲ့ရတယ်။ သူမ အိပ်ပျော်နေချိန်မှာ သူ ဒီလိုတွေ လုပ်ခဲ့မိတယ်ဆိုတာ သူကိုယ်တိုင်တောင် မယုံကြည်နိုင်ခဲ့ဘူး။
             

သူ့ရဲ့ စိတ်ကို သားရဲတစ်ကောင်လို နိုးထနိုင်စေတဲ့  မိန်းမ..... အိပ်ပျော်နေတဲ့ ဒီမိန်းမကို သူ ထပ်ကြည့်ခဲ့တယ်။ သူမက စက်ဆုပ်ဖွယ်ကောင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမကို အပြစ်ပေးဖို့ကို သူတွန့်ဆုတ်နေခဲ့တယ်။ ဒါကြောင့် သူလုပ်နိုင်တဲ့ တခုတည်းသော နည်းလမ်းက သူ့ကိုယ်သူ အပြစ်ပေးခြင်းပါပဲ။ အခုချိန်မှာတော့ ဒါက လွဲပြီး သူလုပ်နိုင်တာ မရှိတော့ဘူး။။        
              

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now