Chapter - 29.2 [Uni+Zawgyi]

2.5K 354 2
                                    

Chapter - 29.2

သူမရဲ့ခင်ပွန်းက သူမသူ့အား သူ့အချစ်ဦးရှေ့တွင် မျက်နှာပျက်ရအောင်လုပ်သည်ဟု ထင်သွားလေသည်။ ကျန်းရုယန်က ဤလေသံမျိုးကို ဘယ်လိုလုပ် သည်းခံနိုင်စွမ်းရှိပါ့မလဲ။ ပုံးကြီးတစ်ပုံးကို ကားထဲကယူလာတဲ့ တစ်ဖက်က လက်ထောက်ကို သူမ မျက်စပစ်ပြလိုက်တယ်။ ပုံးတစ်ဝက်လောက်က စာတွေနဲ့ ပြည့်နေပါတယ်။

ချင်းပိုင်လွမ် ၎င်းကိုမြင်သွားတဲ့အခါ ချက်ခြင်းကိုဒေါသ ထွက်သွားသည်။ "မင်း ငါ့ရဲ့သဘောဆန္ဒမပါဘဲ ဘာလို့ ငါ့ပစ္စည်းတွေကို လျှောက်ကိုင်တာလဲ?"

ကျန်းရုယန်က မျက်ခုံးပင့်ကာ ပြောလိုက်တယ်။ " ကျွန်မယောက်ျားရဲ့ ဥစ္စာက ကျွန်မဥစ္စာပဲလေ။ ကျွန်မပစ္စည်းတွေကို ကျွန်မကဘာလို့ မရွှေ့နိုင်ရတာလဲ? ရှင်က ကျွန်မဒီအိမ်ကို ဖြိုမှာမလိုချင်ဘူး ဟုတ်တယ်မလား? ကျွန်မဒီအိမ်ကို မဖြိုဘူး၊ ဒါ​ပေမယ့်​ ဒီအရာ​တွေက မျက်​စိစပါးမွှေးဆူးစရာဖြစ်နေလို့ ရှင်ကျွန်မရှေ့မှာပဲ ဒါတွေကို မီးရှို့ပေးနိုင်​ဖို့ ကျွန်မမျှော်​လင့်​ပါတယ်​နော်။"

ဟိုးအရင်ချိန် သူမကျဲနဲ့ ချင်းပိုင်ယွမ်တို့ ချစ်နေကြတုန်းကပေါ့ လင်းချင်းချင်းက သူတို့နှစ်ယောက်အတွက် သံတမန်အဖြစ် အမြဲဆောင်ရွက်ရပါတယ်။ ဒါကြောင့် ပုံးထဲက စာအိတ်ပုံစံကို သူမတစ်ချက်ကြည့်လိုက်တာနဲ့တင် ၎င်းတို့အားလုံးက ကျဲကျဲ မှ ချင်းပိုင်ယွမ် ထံသို့ ပေးပို့ထားတဲ့စာတွေဆိုတာ သူမမှတ်မိသည်။

ချင်းပိုင်ယွမ် က စာတွေကို ကြည့်ရင်း သူ့မျက်လုံးတွေထဲ ပြောမပြနိုင်တဲ့ ဝေဒနာတစ်မျိုး ပေါ်လွင်လို့နေသည်။ သူက သူ့မျက်လုံးများကိုမှိတ်လိုက်ကာ အံကြိတ်ပြီး ကျန်းရုယန်အား  "ကျန်းရုယန် နင်ဒီလောက်လွန်မလာသင့်ဘူး!"

" ကျွန်မလွန်လာတယ်? အဲဒါတွေက ဒီအတိုင်းစာအဟောင်းတွေပဲ၊ ရှင်ဘာလို့ မီးမရှို့နိုင်ရတာလဲ။"

ဒါက ဘယ်လိုခွေးသွေးဇာတ်လမ်းမျိုးကြီးလဲဟ? လင်းချင်းချင်းက မျက်မှောင်ကြုတ်ကာ တည့်တည့်ကြည့်လိုက်ပြီး ကြင်နာစွာသတိပေးလိုက်သည်- "ငါပြောမယ်၊ နင်တို့လင်မယားကြား ပဋိပက္ခတွေ ဘာတွေဖြစ်နေရင်လဲ၊ နင်တို့အခန်းထဲမှာပဲ ပြဿနာကို ဖြေရှင်းပေးနိုင်မလား? လမ်းပေါ်မှာပဲလာပြီး ပြဿနာရှာနေရတာလဲ?! နင်တို့ရှယ်တယ်လို့များ မခံစားမိကြဘူးလား?"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now