Chapter - 55.1 [Uni+Zawgyi]

1.1K 101 1
                                    

Chapter 55.1 {Extra 6}

လင်ချင်းချင်းမှာ ချင်းယန် အတွက် အယ်လ်ဘမ် ပြုလုပ်နေချိန်၌ အလုပ်များလွန်းတာကြောင့် ကုမ္ပဏီသို့ဝင်ရောက်ရန် လူသစ်အနည်းငယ်ကို ခေါ်ရမည်ဖြစ်သည်။ ထိုအချိန်ကာလတွင် သူမသည် ကုမ္ပဏီတွင် ဖြစ်စေ၊ အိမ်ပြန်ရောက်သည့်အချိန်ဖြစ်စေ သီချင်းများ ရေးနေခဲ့သည်။

တနင်္လာနေ့တွင် စတူဒီယိုတွင် ပုံမှန်အစည်းအဝေးလုပ်ခဲ့သည်။ ပြီးခဲ့သည့်အပတ်က အလှကုန်အမှတ်တံဆိပ်တစ်ခုက တရုတ်ပြည်မကြီးရှိ ပြောရေးဆိုခွင့်ရှိသူကို ရှာဖွေလိုခဲ့သည်။ အစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ လက်ခံမလား ငြင်းမလား ဆွေးနွေးရန်ဖြစ်သည်။

အလှကုန်အမှတ်တံဆိပ်အမည်မှာ 'Good-looking Herbal' ဖြစ်ပြီး၊ ၎င်းသည် အဆင့်မြင့် အလှကုန်အမှတ်တံဆိပ်ဖြစ်သည်။ ယေဘူယျအားဖြင့်ပြောရလျှင်၊ ဤအမှတ်တံဆိပ်သည် လူကြိုက်များသော ပထမတန်းအနုပညာရှင်များကို ရှာဖွေနေတတ်တာပါ။ မိုချင်းယန်လို လူသစ်တစ်ယောက်အနေနဲ့ အမှတ်တံဆိပ်ရဲ့ အသိအမှတ်ပြုသူအဖြစ် တွေ့ရတာကလုံလောက်နေပါပြီ။

သီအိုရီအရတော့ တုံ့ဆိုင်းစရာ ဘာမှမရှိပါဘူး။ မုချုန်း ရဲ့အတွေ့အကြုံတွေအရ သူတို့သည် ဒီအခွင့်အရေးကို သေချာပေါက်ယူသင့်သည်။ သူတို့တွေတွေ့ဆုံ ဆွေးနွေးတိုင်ပင်ကြရန် လိုအပ်နေသေးသည့် အကြောင်းရင်းမှာ ရှောင်ပိုင်က Good-looking Herbal စီးရီးအတွက် အမျိုးသား ပြောရေးဆိုခွင့်ရှိသူဖြစ်တာကြောင့်ပဲ ဖြစ်သည်။

ဒါကနည်းနည်းတော့ အဆင်မပြေဘူးလေ။

ဒီတွေ့ဆုံမှုရဲ့ ရည်ရွယ်ချက်ကတော့ သံသယတွေကို ရှောင်ရှားဖို့နဲ့ ဒီအသိအမှတ်ပြုထောက်ခံသူအဖြစ်ကို တိုက်ရိုက်ပဲ ငြင်းမလား မငြင်းမလားကို ဆွေးနွေးဖို့ ဖြစ်ပါတယ်။ တကယ်တော့ လွန်ခဲ့တဲ့လအနည်းငယ်က သူတို့နှစ်ယောက် ပြဿနာဖြစ်ခဲ့ပြီးနောက် သူတို့ရဲ့ပရိသတ်တွေက နှစ်ဖွဲ့ကွဲထွက်သွားခဲ့ပါတယ်။

" ရှောင်ပိုင်က ဒီအသိအမှတ်ပြုထောက်ခံမှုကို သေချာပေါက် လက်ခံမှာလား။" လင်ချင်းချင်း က မေးလိုက်သည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now