Chapter - 43.2 [Uni+Zawgyi]

1.5K 175 0
                                    

chapter - 43.2

လင်ချင်းချင်းက မမြန်လွန်း မနှေးလွန်းတဲ့ လေသံနဲ့ ပြန်ပြောလိုက်တယ် ။  " ရှင်ကိုယ့်ကိုယ်ကို မရိုက်ချင်ရင် မနက်ဖြန်ကျွန်မ သတင်းစာတိုက်ကို ပို့‌ရလိမ့်မယ်။ အဲဒီတုန်းက လျှို့ဝှက်ချက်တွေကို တစ်ယောက်ယောက်က နက်နက်နဲနဲ တွင်းနက်ရောက်တဲ့ထိ တူးဆွချင်နေတာလေ။ အဲ့ဒီ့ လျှို့ဝှက်ချက်က ရီဇိယန်ကို ကိုယ်ကျင့်တရားပျက်ပြားမှုနဲ့ ဆိုးဆိုးရွားရွားထိခိုက်စေမယ်ဆိုလည်း ဘာကိစ္စမှမရှိဘူးလို့ ရှင်ထင်လား။ ဒီနေ့ရှင်ကျွန်မကို မသတ်ဘူးဆိုရင် မနက်ဖြန် ကျွန်မကရီဇီယန်ကို ဖျက်စီးပစ်မှာ ဒါကရှင် ရွေးချယ်ရမယ့် ကိစ္စပဲ။"

ကျန့်ရှုရှီ စိတ်တိုလွန်းလို့ အော်ရယ်လိုက်မိတယ်။  "ကောင်းတာပေါ့၊ အရမ်းကောင်းတယ်။ ဇီယန်က နင်လိုမိန်းမမျိုးကို ဘယ်ကဘယ်လို လက်ထပ်ယူခဲ့တာလဲ။"

လင်ချင်းချင်းက သူမ သိပ်အားမနေတဲ့ ပုံစံမျိုးနဲ့ မလှုပ်မယှက်ပဲ ကြည့်လိုက်တယ်။ သူမ တတ်နိုင်သမျှအမြန်ဆုံး ရွေးချယ်ပေးဖို့ လိုအပ်နေပြီ။

ကျန့်ရှုရှီက မျက်လုံးများကိုမှိတ်ထားပြီး အံကြိတ်ထားလိုက်တယ်။ အသေအချာကိုပဲ သူမမျက်နှာကို သူမကိုယ်တိုင် ထပ်ခါထပ်ခါ ရိုက်လိုက်တယ်။

ဒါကိုမြင်တော့ လင်ချင်းချင်းက ရယ်မောလိုက်တယ်။ "ပြင်းပြင်းလေး ရိုက်လေ၊ ရှင်ကျွန်မကို ရိုက်တုန်းက အဲ့လိုဖွဖွလေး ရိုက်ခဲ့တာ မဟုတ်ပါဘူး။"

ဒီတစ်ခါမှာတော့ ပါးရိုက်သံက ပိုပြီး ကျယ်လောင်လာခဲ့တယ်။ အကြိမ်နှစ်ဆယ်ရိုက်ပြီးနောက် ကျန့်ရှုရှီ ရဲ့မျက်နှာ အနည်းငယ်ရောင်ရမ်းသွားခဲ့တယ်။ ယုံကြည်မှုအပြည့်နဲ့ ဂုဏ်သိက္ခာရှိတဲ့ အဘွားအိုက ဒီအချိန်မှာတော့ အနည်းငယ်အရှက်ရသွားပုံ‌ပေါ်၏။

"နင်ကျေနပ်ပြီလား နင်ရထားတဲ့သတင်းတွေငါ့ပေးဖို့ အချိန်တန်ပြီ” အသံပြောင်းသွားတဲ့ထိကို  သူမ ကစိတ်တိုနေလေတယ်။

လင်ချင်းချင်းက သူမအား သူမရထားတဲ့ သတင်းတွေကို ပေးလိုက်တယ်။ ဒါကိုမြင်ပြီးတဲ့နောက်မှာ ကျန့်ရှုရှီရဲ့မျက်နှာမှာ ပြောင်းလဲသွားခဲ့သည်။  "ဒါကဘာ‌တွေလဲ?"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now