Chapter - 15.1 [Uni]

5.2K 738 18
                                    

- သူမ သူ့ထံသို့ ချဉ်းကပ်လာတာ ဒါကပထမဆုံးအကြိမ်ပါပဲ။

မှောင်မဲတဲ့ပတ်ဝန်းကျင်မှာ လူတွေရဲ့စိတ်အာရုံက နေ့ဘက်ထက် ပိုပြီးစူးရှကြတယ်။ သူ့ဆီမှ ကိုယ်သင်းရနံ့ ၊ သူမရဲ့နောက်ကျောဘက်စီမှ သူထုတ်လွှင့်တဲ့နွေးထွေးတဲ့ခံစားမှု ပြီးတော့ သူ့ရဲ့အသက်ရှုသံတွေ... အရာအားလုံးကိုသူမထင်ထင်ရှားရှားကိုခံစားမိပါသည်။ တစ်ချိန်တည်းမှာပင်ပူနွေးတဲ့ဝင်လေထွက်လေကသူမရဲ့နားရွက်လေးတွေပေါ် သို့တိုက်ခတ်သွား သူမအားဓာတ်လိုက်သွားသကဲ့သို့ထုံထိုင်းသွားစေခဲ့တယ်။

သူ့ရဲ့ပွေ့ဖက်ထားမှုကြောင့် သူမဟာတောင့်တင်းနေခဲ့ပြီး လှုပ်ရှားဖို့တောင်ခက်နေတော့သည်။

ဒါတွေအားလုံးကသူပုံမှန်ပြုမူတဲ့အပြုမှုထက်ကျော်လွန်လို့နေပြီးလုံးဝကိုမျှော်လင့်မထားခဲ့တဲ့အဖြစ်အပျက်ပါပဲ။ သူမတို့ကတစ်ယောက်ကိုတစ်ယောက်လေးလေးစားစားနဲ့ဆက်ဆံမှုရှိခဲ့တာကြောင့်သူမကိုသူပွေ့ဖက်ထားလိမ့်မယ်လို့မထင်မိခဲ့ဖူးလေ။

သူမကပုံမှန်အချိန်မှာဝောာင် ဘယ်စိတ်ပိုင်းဆိုင်ရာကြိုတင်ဆင်ပြင်ဆင်မှုမှမရှိဘဲ သူနဲ့မျက်နှာချင်းဆိုင်ရပါက လုံးဝကိုကိုးရိုးကားယားဖြစ်နေခဲ့တာလေ။

အဲ့တော့အခုချိန်မှာ သူမဘာလုပ်သင့်လဲ?

သူမရဲ့နှလုံးကခုန်နေတာပေါက်ထွက်တော့မလိုပဲ သူမအသံထွက်ဖို့တောင်တော်တော်ကြိုးစားလိုက်ရတယ်။ " ကျွန်... ကျွန်မရေသွားယူမလို့ " လို့အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်လေတယ်။

တကယ်တော့ သူမကအခန်းရဲ့ အေးစက်နေတဲ့လေထုကို ပေါ့ပါးသွားစေဖို့ အကြောင်းပြချက်ရှာရုံဖြင့်သာ ပြောလိုက်ခြင်းဖြစ်တယ်။

သူကမီးတွေမလင်းလာခင်မှာခနတော့ငြိမ်သက်သွားတယ် သူကမီးမဖွင့်ခင် ခဏတာတိတ်ဆိတ်သွားခဲ့တယ်။

တောင့်တင်းကာဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ သူမနဲ့မတူညီစွာပဲ သူကတော့တည်ငြိမ်နေပုံပေါ်ပါသည်။ သူကလူးလှိမ့်ကာ ကုတင်ပေါ်မှ ထသွားလိုက်ပြီး “ကိုယ်မင်းအတွက် ယူပေးမယ် ” လို့ပြောလိုက်လေတယ်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now